ရခိုင်ဝေါဟာရ ရခိုင်စကားလုံး
ရခိုင်ပြောထုံး ရခိုင်အသုံးအနှုန်း
ရခိုင့်ကဗျာ ရခိုင်စာကို
ရခိုင်ရာပြောဗျာယ် ရခိုင့်သံသရာမှာ
ရခိုင်သည်ရာ ငါ့အလှ
ရခိုင်သည်ရာ ငါ့ဘဝ
ရခိုင့်အလှ ရခိုင့်သဘာဝ
ရခိုင်ဖြစ်ရ လူ့ဘ၀ကို
စဉ်းစားယင်းနန့် အဆုံးမဟိသော
အဓိပ္ပါယ်တိ ပေါ်ထွက်လာရေ။
အော် ရခိုင်ဆိုစွာ……..
သာမာန်မဟုတ်သော လူမျိုးတစ်မျိုး
အထက်တန်းကျသော လူမျိုးတစ်မျိုး
သမိုင်းနန့်လာသော လူမျိုးတစ်မျိုး
အာရီယာရန်နွယ်ဖွား ရခိုင်သား
သာကီဝင်နွယ်ဖွား ရခိုင်သား
မြင့်မြတ်ပေါက်ဖွား ငါရို့ရခိုင်သား။
ရက္ခ၀ံသ(ပုဏ္ဏားကျွန်း)
No comments:
Post a Comment