ရခိုင်ပြည်နယ်မြောက်ဖက်၌ ထင်ယှားသောတောင်တန်းတိမှာ..
၁၊ မယူတောင်တန်း ( မေယုတောင်တန်း)။ ၂၊မင်္ဂလာကြီးတောင်။ ၂၊ မင်းကြီးတောင်။၎၊ စိုင်းဒင်တောင်။ ၅၊ ဩရမတောင်။ ၆၊ ဘဲငါးရာတောင် ရို့ဖြစ်ပါသည်။
၁၊မယူတောင်တန်း။ ။ မယူတောင်တန်းသည် နစ်မြစ်နန့် မေယုမြစ်အကြားတွင်တည်ဟိပြီး ဟိမ၀န္တာတောင်ကြောနန့် ဆက်သွယ်လျှက်ဟိပါသည်။ ဤတောင်တန်းတွင် တောဆင်ရိုင်းတိ၊ သရဲတိရိစ္ဆာန်တိကို တွိ့ရတတ်သည်။ ရခိုင်ပြည်နယ်မှာ မိုင် (၈၀)ခန့် ရှည်လျားသော တောင်တန်းဖြစ်ပြီး တောင်ခြီ၏ အနောက်ဖက်တွင် မောင်တောမြို့နယ်နန့် အရှိဖက်တွင် ဘူးသီးတောင်မြို့နယ်ရို့ဟိကတ်ပါသည်။ ဤတောင်၏အမြင့်ဆုံး အပိုင်းသည် (၂၁၇၄) ပေဟိပါသည်။
၂။မင်္ဂလာကြီးတောင်။ ။ သီးသန့်တောင်တောင်တစ်ခုမဟုတ်ဘဲ မယူတောင်တန်း၏တောင်စွယ်တစ်ခုဖြစ်သည်။ မောင်တောမှ မြောက်ဖက် (၁၂)မိုင်ခန့်အကွာတွင်ဟိသည်။ အမြင့်ပေ (၂၁၇၄) ပေ၊ ပြူးမချောင်းသည် ဤတောင်စွယ်ကို မြစ်ဖျားခံ၍ မေယုမြစ် (မယူဖြစ်) သို့စီးဆင်းသည်။
၃။ မင်းကြီးတောင်။ ။ စိုင်းဒင်တောင်နန့် ကုလားတန်မြစ်ရို့အကြားတွင်တည်ဟိပါသည်။ အမြင့်ပေ (၃၇၃၅)ပေ၊ ဤတောင်တန်းတစ်ချို့သောအစိတ်ဒေသတိကို ဩရမတောင်တန်းဟုလည်းခေါ်သည်။
၎။ စိုင်းဒင်တောင်။ ။ မယူမြစ်၏ ညာဖက်ခြမ်း အရှိဖက်တွင်တည်ဟိသော တောင်တန်းတစ်ခုဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ မြောက်ဖက်သို့ သွယ်တန်းနီရေတောင်တန်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းပိုင်း၌ မိုင်(၄၀) ခန့်ရှည်လျားပြီး အမြင့်နိန်ရာမှာ (၂၄၉၄ )ပေဖြစ်သည်။
ဤတောင်တန်းမှမြစ်ဖျားခံ၍ စိုင်းဒင်ချောင်း စီးဆင်းပြီး (၁၀)မိုင်ခန့်အကွာတွင် ဘူးသီးတောင်နားမှ စီးဆင်းသည့် ကုလားပန်းဇင်းချောင်း နန့် ပေါင်းဆုံကာ မေယုမြစ် အမည်နန့် ဘင်္ဂလားပင်လယ်အော်သို့စီးဆင်းသည်။ စိုင်းဒင်တောင်တွင် ရခိုင်ပြည်နယ်၏အကြီးဆုံး ရီတံခွန် ယှိသည်။ အမြင့်ပေ( ၇၀)ခန့် ယှိပြီး ပေ (၇၀၀) ခန့်ကျယ်သည်။
၅။ ဩရမတောင်။ ။ ဩရမတောင်သည် မင်းကြီးတောင်၏ တောင်စွယ်တစ်ခုဖြစ်ပြီး ဤတောင်တန်းမှ မြစ်ဖျားခံ စီးဆင်းသော ယိုးချောင်းဖျား၌ တန်းတင်ဟု ခေါ်သော ရီတံခွန်ချေ တစ်ခုယှိသည်။
၆။ ဘဲငါးရာတောင်။ ။ မင်းကြီးတောင်တန်း၏ အမြင့်ဆုံးတောင်တောင်ထွတ်တစ်ခုဖြစ်သည်။ အလွန်လှပသော တောင်ထွတ်တစ်ခုဖြစ်ပြီး အမြင့် (၁၃၆၁)ပေ ယှိသည်။ တောင်ပတ်ဝန်းကျင်တွင် ဆီးဖက်ဝင်သော အပင်မများပေါက်ရောက်လျက်ယှိသည်။
ရခိုင်ပြည်နယ် တောင်ဖက်တွင်ယှိသော တောင်များ
ရခိုင်ရိုးမတောင်တန်းကြီး။ ။ ရခိုင်ရိုးမတောင်တန်းကြီးမှာ ရခိုင်ပြည်နယ်အား အခြားပြည်နယ်တိနန့် ပိုင်းခြားထားသည့် တံတိုင်းကြီးတစ်ခုဖြစ်သည်။ ဤတောင်တန်း၏ အမြင့်ဆုံးအပိုင်းမှာ (၄၈၄၈)ပေယှိပြီး မြင်မတိမ် တောင်ဟုခေါ်သည်။ အမ်းမြို့နယ်၌ တည်ယှိသည်။
မဲနယ်တောင်။ ။ မဲနယ်တောင်မှာ အမြင့်ပေ (၄၀၀၀)ကျော်ယှိပြီး အမ်းတောင်ကြားလမ်းတွင်တည်ယှိသည်။
မိုးထိတောင်။ ။ မိုးထိတောင်မှာ တောင်ကုတ် တောင်ကြားလမ်းတွင်ယှိပြီး အမြင့် (၃၈၂၈)ပေယှိသည်။ ရခိုင်ပြည်နယ်နန့် ပဲခူးတိုင်း နယ်ခြား တောင်တန်းဖြစ်သည်။
ခါးတောင်းငယ်တောင် နန့် ရန်ခေါ်တောင် ။ ။ ရခိုင်ရိုးမတောင်တန်း၏ တောင်ဖက်ပိုင်း တောင်ကုတ်မြို့နယ်တွင်တည်ယှိပြီး ခါးတောင်းငယ်တောင်မှာ အမြင့် (၄၃၇၃)ပေ ယှိသည်။
ရန်ခေါ်တောင်မှာ အမြင့်( ၂၃၄၆) ပေယှိသည်။
နီပူတောင်။ ။ ရန်ခေါင်တောင်တန်း၏ တောင်စွယ်တစ်ခုဖြစ်သည်။ မာဘယ်ကျောက်ပြား တိထုတ်ယူနိုင်သည့် ကျောက်တောင်ယှိသည်။
ပန်းတောင်းတောင်။ ။ ပန်းတောင်းတောင် မှာ အမြင့် (၄၁၄၇)ပေယှိပြီး၊ ဤတောင်တန်းမှ သူဌေးချောင်း (သဌီးချောင်)မြစ်ဖျားခံ၍စီးဆင်းသည်။ ရီဆင်းကောင်း၍ သဌီးချောင်းတွင် ရီလျှပ်စစ်စက်ရုံ တည်ဆောက်လျက်ယှိသည်။
စပါးလုံးတောင်။ ။ အမြင့် (၃၄၇၃)ယှိပြီး သံတွဲမြို့နယ်တွင် တည်ယှိသည်။
ကွမ်းချောင်းတောင်။ ။ ဂွမြို့နယ် ဆင်လားလမ်းရွာနားတွင်တည်ယှိပြီး ၊ အမြင့်(၂၂၆၀)ပေယှိသည်။ကျိန္တလီချောင်းသည် ဤတောင်တန်းမှမြစ်ဖျားခံ၍စီးဆင်းသည်။
ကိုးကားချက်။ ။ ဒေနိန့်ရခိုင်ပြည် လူမှုစီးပွါးပထ၀ီ မောင်ကောက်စံ (ပြည်ရခိုင်)၂၀၀၈ ခုနှစ်။
ထုတ်ဝီသည့်စာအုပ်။
No comments:
Post a Comment