ဂီရိ ဂီရိ
ကိုယ်အလိုမကျစွာတစ်ခုနန့်
စိတ်ကူးထတိုင်း မင်းတိုက်ခိုက်
နှလုံးသားမှာ မသိမဟိ
ရက်စက်မှုက များလှပါဘိ။
အကြင်နာတရား ကင်းမဲ့စွာနန့်
မင်းတိုက်ခက်မှု ဒဏ်ချက်တိကြောင့်
ဒုက္ခအပြည့်နန့် လူထောင်သောင်း
မင်းအလိုကျ တအားဝအောင်
အံကြိုက်ဗျာယ် တိုက်လိုက်မိလို့
ထောက်တည်စရာ ဗလာနတ္ထိနန့်
အိုးအိမ်ဆိုစွာ မဆိုထားကေ့
ခြီရာလည်းပျောက် ရီလည်းနှောက်ကာ
စားနပ်ရိက္ခာ ၀ီလာဝီးစွာ့။
ဒုက္ခများစွာထဲက ဒုက္ခအပေါင်း
ငိုသံကလည်း လှိုင်းသံနန့်တူ
စိုးရိမ်စရာ သောက
ငိုးကြွေးရခြင်း ပရိဒေဝ
ကိုယ်နန့်စိတ်ပါ ဒု-ဒေါမနလည်း
လွှမ်းမိုးမှုတိ ပြည့်ဝနိန်ဗျာယ်။
ရှောင်ဖယ်မရရေ ကံဇာတာတရား
အဖြစ်မခံချင်ကေလည်း အဖြစ်ခံလိုက်ရရေ။
ဝမ်းနည်းပတ်လက်နန့် ပြည်သူအများ
လူးလိမ်းပနာ ခံစားနိန်ကတ်လို့
ကူညီမယ် ဆန္ဒအပြည့်နန့်
အားကြိုးမာန်တက် လုပ်လိုက်ခါမှ
ပျက်ရယ်ပြုသူ လူတချို့က
အမျိုးမျိုး အဖုံဖုံ ပြောနိန်ကတ်သိယင့်။
အော်….
ဂီရိ ဂီရိ
ဇာအငြိုးကြောင့် တိုက်ခက်စွာလေ
ဇာဝဋ်ကြွေးကြောင့် ပီးဆက်ရစွာလေ
ဇာကံတရားကြောင့် အကျိုးပီးလာစွာလေ
မသိနိုင်ရေ အဖြေတစ်ခုက
ငါရို့နှလုံးသားထဲကို ၀င်ပနာလှုပ်ခတ်။
စာနာမှုနန့် ဖေးမကူညီပါ
ကြင်နာမှုနန့် နှိုးဆော်ပါ
ညှာတာမှုနန့် အာပီးပါ
လူသာားအချင်းချင်း သနားပါ
သိကြားစောင့်သော စကြာဝဠာ
ရခိုင်သားစောင့်သော ရခိုင်ပြည်မှာ
ရခိုင်ပြည်သူ များဗိုလ်လူကို
ငါရို့စောင့်မှ ဘ၀တင့်မည်။
ငါရို့ထောက်မှ ဘ၀လှမည်
ငါရို့ပြုစုမှ ပြန်လည်ရှင်သန်မည်
လိုသမျှတိကို ရခိုင်သားတိ
ဖြည့်ပြီးနိုင်ကတ်ပါစီ။
ဂေါင်းဇောက်ချေ(ပုဏ္ဏားကျွန်း)
No comments:
Post a Comment