Sunday, November 29, 2009

လွမ်းမိပါရေ ရွှီခိုင်မြီ

လွမ်းမိပါရေ ရွှီခိုင်မြီ
ငရို့တိုင်းပြည် ဟောင်းလို့နိန်ကား ကြီးကျယ်ထွန်းပြောင် တန်ခိုးဆောင်လို့
လင်းရောင်ယှက်သန်း ပန်းရောင်လန်းလို့ လှထွန်းပနာ နတ်လူဇာကို
ညီညာကော်ရော် လွန်ပူဇော်လို့ ဂုဏ်တော်သတင်း အောင်မြင်ခြင်းနန့်
ကြိုင်သင်းသတ္တိ ယင်းဇာတိကား ဒေနိန့်ချိန်ခါ ဇာနားမှာသျှင့်..............
မြီလွှာပုံထက် ပိုင်းကျိုးပျက်လို့ ကွဲပနာပဲ့ခိုင် ဥကင်းတိုင်ကား
ဂနိုင်ခြုံနား လှူးဗျာလ်တွား၏ .....
မှုန်ဝါးရူပ သူ့ဘ၀ကို ဂီတသခင် စာဆိုင်သျှင်ရို့ ဂုဏ်တင်ပနာ စပ်ကတ်ပါလဲ
ဝမ်းနည်းဖွယ်ရာ ငါ့ပြည်ရွာ၏ ချိန်ခါညိကေ ဟောင်းနွမ်းနိန်ကို ကယ်ဆယ်ဂုခါ မသင့်ပါလား……..
ကိုင်…….
ကောင်းဗျာလ်ဂုပင် အတိတ်ခွင်ကို ငရို့ပင်ဝင်ရောက် လူလာလျှောက်လို့
တစ်ထောင့်မနား သုတပွါးပနာ ထင်ရှားနိန်ရေ ငရို့ပြည်၏
ကြီးကျယ်ထွန်းတောက် ခေတ်တလျှောက်ကို မျက်မှောက်ဒေမှာ တင်ပြပါယင့်
မြီမှာကြွီကျ ပဲ့စိုက်ကေလည်း အလှဂုထိ မပျက်သိဘဲ
ဆွဲကိုင်မိဘ အံ့ဩရယင့် သုတပေါင်းဆင့် တပ်ဗျာလ်ပွင့်ယောင်
မျော်လင့်ငါ့မှာ ရှီးလက်ရာကို ဖွီရှာကြိုးစား ဒေလုပ်အားနန့်
ထင်ရှားထွန်းပြောင် ငရို့ပြည်ဘောင်ကို လက်ဆင့်ပီးကမ်း ဆက်ကတ်မေဝေ…..
ယေဒါလေ့သွင့် ယေလဲသွင့်ဝေ ငရို့ပြည်ရွာရေး ချိန်ခါမတုံး
ညှိုးကြီးညှိုးကြောင့် ……
လွမ်းမိုးစုံညီ လွမ်းစံမှီခါ လွမ်းလီရင်ဝိုင်း လွမ်းမုန်းတိုင်းက
လွမ်းခိုင်သယောင် လွမ်းပွဲဆောင်လို့ လွမ်းလောင်ဒုက္ခ လွမ်းရပါယင့်
အတိတ်အချိန် ယင်းအခါက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်တိုင်းပြည်နန့် အဂုချိန်ခါ
ကြည့်လိုက်ကေဂါး ရိုးတန်ခြောက်ဗျာလ် ပြာနိန်ပါယင့်
ယင်းသို့တခါ စိုင်းစားရေခါ ၀မ်းနည်းလွမ်းရေ ရွှီခိုင်မြီသျှေ။


မှတ်ချက်။။
ဒေကဗျာရေ မူရင်းဇာကလဲ ဆိုစွာကို အထောက်အထားတော့ခါ မသိလိုက်ပါဗျာလ်
ဟိုလွန်ခရေ ကိုးနှစ်လောက်က သူငယ်ချင်း တစ်ယောက်ပါးက ရီးထားလိုက်စော်ပါရာ
ဒေဂု မျိုးဆက်သစ်တိအတွက်ပြန်ပနာရီးလိုက်ရခြင်းဖြစ်ပါရေ။
သို့ပါကေလည်း ကဗျာပိုင်ချင်ရာ ဖတ်ရှုရကေ မေတ္တာရှီးထားပနာခွင့်လွှတ်စီချင်ပါရေ
ချွတ်ယွင်းချက်ချေတိပါခကေ ဦးရာဇ်မြီးသားသျှေ၏အမှားပါရာ

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။