Monday, January 24, 2011

မြောက်ဦးနန်းတော်တည်ဆောက်ခပုံ အကျယ်အ၀န်း


မြောက်ဦးမြို့တော်တွင် နန်းတော်ကုန်းသသည်ကား မူလနဂိုအားဖြင့် ကုက္ကားတောင်နန့် တောင်ညိုတော်ကြီးနှစ်လုံးကို ခြံရံလျက်တည်ဆောက်ထားသော ကျောက်သားအမာခံ မြီများဖြစ်ပါသည်။
ပထမဆုံး မြောက်ဦးထီးနန်း တည်ဆောက်ခသော မင်းစောမွန် သည် ကောဇာသက္ကရာဇ်  (၇၉၂ )ခုနှစ် ၊တော်သလင်းလဆန်း တစ်ရက်နိန့်၊ ခရစ်သက္ကရာဇ် (၁၄၃၀) ခုနှစ် ထီးနန်းတက်ခပါသည်။
ပထမဆုံး မြောက်ဦးနန်းတော်ကို စောမွန်မင်းများလက်ထက် အုတ်တံတိုင်းတိနန့်ရာ တည်ဆောက်ခခြင်းဖြစ်သည်။မြောက်ဦး ဒုတိယခေတ် မင်းဗာ ဘုရင် လက်ထက်တော်၌ ကျောက်တံတိုင်းတိနန့် ထပ်မံပြီး ခိုင်ခံ့ကြီးကျယ်စွာဖြင့် တည်ဆောက်ခသည်။ သို့ဖြစ်ပါ၍  ရခိုင်မဟာရာဇ၀င်ကြီး လင်္ကတွင် (မြောက်ဦးမည်သာ၊ မြို့အောင်ချာကို ၊တည်လာပြုလှစ်၊သက္ကရာဇ်ကား၊ ဒွေဖြစ်န၀ါ၊ သတ္တလာတည်း၊ ဟူ၍လည်းကောင်း၊ (စောမွန်ပြုပြင်၊မင်းဗာတည်ကေ၊ရွှီမြောက်ဦး ဟူ၍လည်းကောင်း၊ ပါရှိမှုတိတွိ့ရှိရပါသည်။
နန်တော်ကုန်း၏အဆင့်မှာ သုံးဆင့်ဖြစ်သည်။ ထိပ်ဆုံအဆင့်မှ အောက်ဆုံးအဆင့်ထိ ပေပေါင်း (၅၀)မြင့်လေသည်။ တတိယအဆင့်၏ တောင်ဘက်မှ မြောက်ဘက်သို့ ပေပေါင်း (၁၆၀၆)ပေရှိသည်။
အရှိ့ဘက်မှ အနောက်ဘက်သို့ ပေပေါင်း (၁၇၄၀)ပေရှိသည်။ တံတိုင်းများ အောက်ခြီတွင် ကျောက်သား(၇)ပေထုထည်ရှိသည်။ တံတိုင်းတို့၏ အထက်ပိုင်းထုထည်မှာ(၄)ပေဖြစ်သည်။
ပထမနန့် ဒုတိယတံတိုင်းအကွာအ၀ီးမှာ ပေပေါင်း(၁၃၇)ပေရှည်လျားသည်။ အထက်ဆုံးအတက်နန်းရင်ပြင်၏ အကျယ်အ၀န်းမှာ (၆၅၆)ပေကျယ်ဝန်းလေသည်။ အရှိ့ဘက်တတိယအဆင့်တံခါးမှဒုတိယအဆင့်တံခါးထိ ပေပေါင်း(၂၆၇)ေ၇ရှိသည်။ ၎င်းးမှပထမအဆင့်တံခါးသို့ ပေပေါင်း(၄၄၀)ကွာဝီးသည်။ မြောက်ဘက်အဆင့်တံခါးမှ ဒုတိယအဆင့်တံခါးသို့ ပေပေါင်း(၂၃၃)ပေရှိသည်။၎င်းမှတတိယအဆင့်တံခါးသို့(၁၆၆)ပေရှိသည်။
အထက်ဆုံးအထက်နန်းရင်ပြင်၏ မြောက်ဘက်မှတောင်ဘက်သို့အလျား(၆၇၉)ပေ ကျယ်ဝန်းသည်။ တောင်ဘက်တတိယအဆင့်တံခါးမှ ဒုတိယအဆင့်တံခါးသို့ ပေပေါင်း(၁၃၈)ပေရှိသည်။
၎င်းမှပထမဆင့်တံခါးသို့ပေပေါင်း(၄၅၀)ကွာဝီးသည်။ တံခါးများ၏၀င်ပေါက်စာမှာ (၁၀)ပေစီ ကျယ်ဝန်းသည်။ တံခ်းတစ်ဖက်တချက်စီတို့၏တံခါးပေါင်းများမှာ (၈)ပေစီရှိ့သို့ထိုးထွက်လျက်ရှိကြသည်။
တံတိုင်းများထုထည်အထူမှာ(၇)ပေ၊၆ လက်မ ရှိကြပြီး (၁၂)ပေစီမြင့်ကြသည်။တံခါးများ၏အတွင်းဖက်နံရံများ၌မြီကြီးသည် (၁)ပေခန့်အကွာရှိ ကျောက်တုံးကြီးနန့် (၈)ပေအမြင့်ရှိသောကျောက်တုံးကြီးတွင် (၅)လက်မရှိသောအပေါက်တစ်ပေါက်စီရှသည်။
၎င်းတံခါးပေါက်များကို ပိတ်ဖွင့်ရန် အရှင်တံခါးတပ်ဆင်ထားခြင်းဖြစ်သည်။
နန်းတော်၏အနောက်ဘက်ဒုတိယနန့်တတိယတံတိုင်းအကြားတွင် ကျုံးများရှိသည်။ အရှိ့ဘက်တွင် ဗဟိုစည်တော်ထားရှိသော ယွန်းတောင်ခေါ် ရွှန်းတောင်ရှိသည်။ တောင်ဘက်တွင် (၀ယိုင်သာ)ခေါ် ဥယျာဉ်တော်တည်ရှိသည်။(ယခုအခါ အထက်တန်းကျောင်းရှိ့ဘောလုံးကွင်းဖြစ်နိန်သည်။)
နန်းတော်၏အရှိ့ဘက်ဒုတိယအဆင့်တွင် နန်းသူ နန်းသားများသောက်သုံးကြသော သောက်ရီကန် (နန်းသာကန်)တည်ရှိသည်။(ယခု နန့်သာကန်ဟုခေါ်ဆိုကြသည်။)
ယခုနန်းတော်ကုန်း၏အရှိ့ဘက်ဆင်းလမ်း နန်းလှီကား (ဆီးရုံကြီး)ရှိ့ လှီကားနန့်အနောက်ဘက်ရှိ နန်းတော်ကုန်းမှ အဆင်းလှီကားရို့မှာဗြိတိသျှ အင်္ဂလိပ်တို့ စိုးစံခစဉ် နန်းကုန်းကိုဖောက်ပြီး လမ်းလုပ်ရန် စီစဉ်ရာ တစ်မြို့လုံးကန့်ကွက်ဆန္ဒပြကြသဖြင့် လမ်းမဖောက်ဝံ့ဘဲ ရပ်တန့်ထားကာ ကျောက်လှီကားများသာ တစ်ဖက်တစ်ခု ထပ်ဆင့်ပြုလုပ်ထားကြသည်။
ရခိုင်မင်းရို့ အုပ်စိုးခစဉ်က နန်းတော်တစ်ဖက်တစ်ချက် အဆင်းလှီကား အစစ်အမှန်နိန်ရာတို့သည်ကား အနောက် (ယခု ပါတိယူနစ်ယုံးဟောင်း) တည်ရှိရာ ရှိ့တည့်တည့် ဆင်းလမ်း နန်းလှီကား ( ယခုအခါ တံတိုင်းကိုဆောက်လုပ်ရေးမှ သုတေသနတာဝန်ပီးချက်အရ တံတိုင်းတစ်သားတည်း အပေါက်ပိတ်ပြီး ကာရံထားကြသည်။ သို့နန့် နန်းတော်အရှိ့ တက်ဆင်း ရှိ့ဟောင်းနန်းလှီကားနိန်ရာပျောက်ကွယ်နိန်သည်။မြောက်ဦးနန်ေးတ်ာသို့ဆင်းတက်လှီကားကြီး အရပ်လေးမျက်နှာမှ လေးခုတပ်ဆင်ထားရှိခသည်။
မြောက်ဦးနန်းတော်ကို တံတိုင်းသုံဆင့် ၀ိုင်းရံကာလျက် တံတိုင်းကြားတွင် ကျုံတော်များရှိသည်။ မြောက်ဦးမြို့တော်ကို ခြံစည်းရိုးပမာတံတိုင်းပတ်လည် ၀ိုင်းရံကာဆီး ကာထားပြီး တံတိုင်းများထက်မှာ အမြောက်စင်ထား နိန်ရာများနန့်တကွ သဘာဝတံတိုင်း၊ လူလုပ်တံတိုင်း များမှာ မြင်းစီးသူရဲဗိုလ်ပါများစွာစီးနင်းသွားလာလှုပ်ရှားနိုင်အောင် စီစဉ်ပြုလုပ်ကာ ခမ်းနားကြီးကျယ်စွာတည်ဆောက်ခလီသည်။
သို့ကြောင့် မြောက်ဦးမြို့တော်ကြီးသည် ထိုအချိန်က ကြက်ပျံမကျ စည်ကားလှသည်။ ခရစ် အေဒီ(၁၅)ရာစုမှ(၁၆)ရာစုထိအလွန်ချမ်းသာကြွယ်ဝသောကမ္ဘာ့အဆင့်မီ သမိုင်းတွင်ထင်ရှားခသော မြို့တစ်မြို့သာဖြစ်ပါပေတော့သတည်း။
 
ကိုးကာချက်
ဓည၀တိ ဦးအောင်ဇေယျ   (မြောက်ဦး)၏
ပထမအကြိမ်ထုတ် ရခိုင်မင်းဆက်များနန့် ဗုဒ္ဓသာသနာတော် စာအုပ်

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။