၁။ အနောက်ဖရုံကာကျွန်းတွင် နီလာပဗ္ဗတ (ဆံတော်ရှင်)တောင်အောက် တောင်ဘက် ပင်လယ်ကမ်းစပ် လှိုင်းပုတ်ရာနိန်ရာကျောက်ဆောင်ထက်မှာ ရီနတ် နဂါးမင်း ရှစ်မျိုးတို့၏ တောင်ပန်ချက်အရ ဘုရားရှင်သည် (ဆံတော်နှစ်ဆူ) နှင့် ခြီတော်ရာ ပါဒတစ်ဆူ ချပီးခလေသည်။
၂။ အမ်းမြို့နယ်တွင် (နာဠာဂီရိပဗ္ဗတ) ဆင်တင်ကျောက်တောင် တော်မှာ အတိတ်ဘ၀က မိတ်ဆွီဖြစ်ခသော မုဆိုးကြီး၏ တောင်းပန်ချက်အရ ခြီတော်ရာပါဒတစ်ဆူ ချပီးတော်မူခသည်။
၃။အမ်းမြို့နယ်ရှိ (လမ္ဗူနဒီ) လမုချောင်းတွင် (မဏိသေလရီအိုင်) တွင် မဏိသေလ နဂါးမင်းဖြစ်ဖူးခသဖြင့် ၎င်းရီအိုင်၏ ကျောက်ဆောင်ထက်မှာ (လက်ျာပါဒခြီတော်ရာ)တစ်ဆူချပီးခသည်။
၎။မူစည်းကျွန်းရှိ ရမ္ဗဒါမြစ်ကမ်းအနီး ကမ်းနဖူးမှာ (သစ္စဗန္ဓ၀ ရသေ့နှင့် ရမ္ဗဒါ နဂါးမင်း) တို့တောင်းပန်ချက်အရ မြတ်စွာဘုရားသည် (ခြီတော်ရာပါဒတစ်ဆူ ချပီးခသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓမြတ်စွာ၏ ခြီတော်ရာအစစ်လေးခုကို ဂနိန့်တိုင် ပြည်သူပြည်သား အပေါင်း ရဟန်းရှင်လူတို့သည် လားရောက် ဖူးမြော်ကြလျက် နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓခြီတော်ရာပွဲ ကျင်းပပူဇော်ကြလျက်ရှိကြသည်ကို တွိ့ရှိနိုင်ပါသည်။
ကိုးကာချက်
ဓည၀တိ ဦးအောင်ဇေယျ (မြောက်ဦး)၏
ပထမအကြိမ်ထုတ် ရခိုင်မင်းဆက်များနန့် ဗုဒ္ဓသာသနာတော် စာအုပ်
No comments:
Post a Comment