Thursday, October 7, 2010

မျက်ရီစက်နန့် ငါ

ရခိုင့်မြီက သဘာဝအလှချေတိစွာ
အိပ်ရာထခါစ အပျိုသျှင်ပိုင်
မဆင်မပြင်ကေလည်း လှပနိန်လီယင့်။
ကစ္ဆပနဒီ၏
အလှတရားနန့် သစ္စာတရားတိ
ကြည့်ရှူသူရို့ကို    ပြုံးပြနိန်ဘိ၏။
လှိုင်းလုံးချေတိ ကမ်းစပ်ပါးရောက်လီတိုင်း
ကမ်းမြောင်ခြီက ကြိုဆိုနိန်ဘိ၏။
ဓညာဒွါရ  ရမ္မမေဃာ
လှပမှုနန့် မြတ်နိုးမှုတိ
ရီသင့်လီတင့် အလိုက်သင့်ဗျာယ်
ဖြားရီမြစ်သင့် တင့်တယ်ပနာ
ရာစုသစ်အလီလီတိ ဖြတ်သန်းလျှောက်နိန်၏။
ခေတ်အဟောင်းက ထွန်းပခရေ
အလှတရားနန့် အလင်းရောင်တိ
နှစ်ထောင်ချီလခဗျာယ်လေ။
စနစ်ပြောင်းလို့ ခေတ်အဟောင်းက
အုပ်စိုးခရေ ရခိုင့်မင်းမြတ်တိ
´´မာရယုက အစပြုဗျာလ်
သမ္မတာမင်း အဆုံးအထိ´´
သိမ်းဆည်းထားခရေ အမွီအနှစ်တိ
စာပီဂီတ သုခုမအနုပညာ
ယဉ်ကျေးမှု အမွီအနှစ်တိ
အဂုအချိန်မှာ ထိန်းသိမ်းသူမဟိ
ပိုင်သျှင်မဟိရေ ပစ္စည်းပိုင်။
ဒေများပြားရေ အမွီအနှစ်တိ
ရခိုင့်မြီမှာ လုံခြုံမှုကင်းဝီး
အတိတ်က  အံ့မခန့်ခရေ   
အမွီအနှစ်တိကို မျှော်ပနာကြည့်လိုက်ယင်း
လွမ်းဆွတ်တသ မျက်ရီကျမိ၏။

ဂေါင်းဇောက်ချေ (ပုဏ္ဏားကျွန်း)

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။