မော်ရင်ဟိုသည်အင်္ဂလန်သို့ပြောင်းရွှိ့နည်းပြရန်စဉ်းစားရာတွင်ချယ်ဆီးအသင်းထက်လီဗာပူးအသင်းကို
စိတ်ဝင်စားကြောင်းလူသိရှင်ကြားထုတ်ဖော်ပြောဆိုလိုက်ပါသည်။
“လီဗာပူးအသင်းကလူတိုင်းကိုဆွဲဆောင်မှုရှိရေအသင်းတသင်းဖြစ်ပါသည်။ချယ်ဆီးအသင်းက ဖေ့သာအများကြီးရင်းနှီး

မြှုပ်နှံထားကေလည်းစီမံကိန်းအသစ်ဖြစ်နိန်ရေအတွက်ကြောင့် ကျွန်တော့်ကိုကကောင်းကြီးဆွဲဆောင်မှုမဟိလောက်ပါ။
ဇာပိုင်စီမံကိန်းမျိုးလည်းဆိုစွာကို ကလပ်အသင်းရာ ဆုဖလားအားလုံးကို အရမယူနိုင်ဆိုကေ အေဘရာမိုဗစ်ခ်ျ (ရိုမန်) က ကလပ်က ဖေသာတိ ပြန်ပီးပနာ အနားယူလားနိုင်ရေ လို့ ကျွန်တော်ထင်ပါသည်။ မသေချာမရေရာရေစီမံကိန်းတခုပါ။
နာမည်ကြီးကစားသမားတိကို ခေါ်ယူနိုင်ဖို့ ဖေသာဟိရေနည်းပြတစ်ယောက်အတွက် စိတ်ဝင်စားစရာကောင်းကေလည်း
ဒေပိုင်စီမံကိန်းအောင်မြင်မှုရအောင် ဆောင်ကြဉ်းပေးနိုင်မလားဆိုစွာမင်းလည်းဇာပိုင်မျှမသိနိုင်ပါ´´ဟု မော်ရင်ဟိုက ပြောဆိုခသည်။
သို့သော် လီဗာပူးအသင်းက သူတို့၏ နည်းပြရာထူးကို စပိန်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်အား ကမ်းလှမ်းခဲ့သည့်အတွက် မော်ရင်ဟိုသည်လီဗာပူးအစား ရိုမန်အေဘရာဟင်မိုဗစ်ခ်ျထံမှ ကြီးမားသည့် ကမ်းလှမ်းမှုကို လက်ခံကာ သူ၏အနာဂတ်ကို ချယ်ဆီးအသင်းတွင် မြှုပ်နှံရန် ကတိပြုခပါသည်။
မော်ရင်ဟိုသည် ၂၀၀၄ ခုနှစ် ဇွန်လတွင် ချယ်ဆီးအသင်းသို့ ပြောင်းရွှိ့ခပြီး တနှစ်လစာ ပေါင် (၄.၂) သန်းရရှိကာ ဘောလုံးလောကတွင် လစာအမြင့်ဆုံး နည်းပြများအနက် တဦးဖြစ်လာခပါသည်။ ၂၀၀၅ ခုနှစ်တွင် တနှစ်လစာ ပေါင် (၅.၂) သန်း တိုးမြင့်ရရှိခသည်။ ချယ်ဆီးအသင်းသို့ ရောက်ရှိပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် မော်ရင်ဟိုက “ကျေးဇူးပြုပြီး ကျနော့်ကို စိတ်ကြီးဝင်နိန်ရေရေလူလို့ မထင်ကတ်ပါကေ့ ။ သို့သော် ကျွန်တော်က ဥရောပချန်ပီယံမို့ ကျွန်တော့်ကိုကျွန်တော် ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက် (a special one) လို့တော့ ထင်မိပါတယ်” ဟု ပြောဆိုခပါသည်။ ထိုမှစ၍ မီဒီယာလောကတွင် သူ့ကို “The Special One” ဟူသည့် နာမည်သစ်တမျိုးဖြင့်ခေါ်တွင်ခပါသည်။
မော်ရင်ဟိုသည် ပေါ်တိုအသင်းမှ လက်ထောက်နည်းပြ ဗော်လ်တီမာဘရစ်တို၊ ကြံ့ခိုင်ရေးနည်းပြ ရူအီဖာရီယာ၊ ဘောလုံးကင်းထောက်ချုပ် အန်ဒရီဗီးလ်လပ်စ်ဘိုအာစ်နှင့် ဂိုးနည်းပြ ဆေလ်ဗီနိုလော်ရိုတို့ကို ခေါ်ယူခပါသည်။ သူသည် ချယ်ဆီးတွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခသူကစားသမားဟောင်းစတိဗ်ကလပ်ခ်ကိုလည်း

ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
စတိဗ်ကလပ်ခ်သည် အယင်ကနည်းပြလက်ထက်တိမှာ လက်ထောက်နည်းပြအဆင့်မျိုးလည်း တာဝန်ထမ်းဆောင်ခသူ
ဖြစ်သည်။ မော်ရင်ဟိုသည် ထွက်ခွါလားခရေ အီတလီနည်းပြ ကလော်ဒီယိုရေနီယာရီ၏ နိန်ရာကို ဆက်ခံရသူဖြစ်ပြီး ချယ်ဆီးကလပ်ပိုင်ရှင်ရုရှားသူဌေး ရိုမန်အေဘရာဟင်မိုဗစ်ခ်ျကဘောလုံးသမားများခေါ်ယူရန်သူ့ကို ငွေထုတ်ပီးလိုက်ပါသည်။ မော်ရင်ဟိုက ဘင်ဖီကာမှ တီယာဂို (ပေါင် ၁၀ သန်း)၊ လိုင်ယွန်မှ မိုက်ကယ်အက်ဆိန်း (ပေါင် ၂၄.၄ သန်း)၊ မာဆေးလ်မှ ဒီဒီယာဒရော့ဘာကို (ပေါင် ၂၄ သန်း)၊ ပီအက်စ်ဗွီမှ မာတီဂျာကက်ဇ်မန်းကို (ပေါင် ၅.၄ သန်း) နှင့် ပေါ်တိုခံစစ်အတွဲ ရီကာဒိုကာဗယ်လ်ဟို (ပေါင် ၁၉.၈) သန်း၊ ပေါ်လိုဖာရဲရား (ပေါင် ၁၃.၃ သန်း) ကဲ့သို့သော ကစားသမားများအတွက် စုစုပေါင်း ပေါင် (သန်း ၇၀) ကျော် သုံးစွဲခသည်။
မော်ရင်ဟို၏ လက်အောက်တွင် ချယ်ဆီးအသင်း ရလဒ် တဖြည်းဖြည်း ကောင်းမွန်လာပြီး ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ပရီးမီယားလိဂ် အမှတ်ပေးဇယား၏ ထိပ်ဆုံးသို့ ရောက်ရှိလာခပါသည်။ ချန်ပီယံလိဂ်တွင်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခသည်။ ထို့နောက် ကာဒစ်ဖ်တွင် ယှဉ်ပြိုင်ကစားသည့် လိဂ်ဖလား ဗိုလ်လုပွဲတွင် လီဗာပူးအသင်းကို (၃) ဂိုး - (၂) ဂိုးဖြင့် အနိုင်ယူပြီး ချယ်ဆီးအသင်းအတွက် သူ၏ ပထမဆုံးဖလားကို မော်ရင်ဟို ရယူခပါသည်။
ထို့နေက ပွဲအပြီးတွင် မော်ရင်ဟိုကို လုံခြုံရေးအစောင့်အရှောက်နှင့် ခေါ်ထုတ်လိုက်ရသည်။ ချယ်ဆီးအသင်း ချေပဂိုး မရမီ လီဗာပူးအသင်း ဦးဆောင်နေချိန်တွင် လီဗာပူး ပရိသတ်များက မော်ရင်ဟို မခံချင်အောင် ထိကပါးရိကပါး ပြောဆိုသည်ကို တုံ့ပြန်သည့်အနေဖြင့် မော်ရင်ဟိုက ချယ်ဆီးအသင်း အနိုင်ရရှိချိန်တွင် လီဗာပူး ပရိသတ်များဘက်သို့ လှည့်ကာ သူ၏ ပါးစပ်ထဲ လက်ချောင်းထည့်ပြခဲ့သည်။ ထိုအပြုအမူကို လီဗာပူးပရိသတ်များ ဒေါသထွက်ပြီး မော်ရင်ဟိုအား ရန်မူမည်စိုးသဖြင့် ထိုသို့ လုံခြုံရေးအစောင့်ရှောက်ဖြင့် ကွင်းထဲမှ ခေါ်ထုတ်ခဲ့ရခြင်းဖြစ်သည်။
လိဂ်ဖလားရရှိပြီးနောက် မော်ရင်ဟိုသည် ချယ်ဆီးအသင်းအတွက် အနှစ် (၅၀) အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆုဖလားကို ရယူ ပီးခပါသည်။ သို့သော် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ဆက်တိုက်အောင်မြင်မှု မရရှိဘဲ ဆီမီးဖိုင်နယ်တွင် လီဗာပူးအသင်းကို အငြင်းပွားဖွယ် ဂိုးဖြင့် ရှုံးနိမ့်ကာထွက်ခွာခရသည်။
နောက်ရာသီတွင် ချယ်ဆီးအသင်း တာထွက်ကောင်းခဲ့သည်။ အာဆင်နယ်အသင်းကို (၂) ဂိုး - (၁) ဂိုးဖြင့် အနိုင်ယူပြီး အက်ဖ်အေကွန်မြူနတီဒိုင်း ရရှိသည်။ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီ၏ ပထမသီတင်းပတ်အကုန်မှစ၍ ပရီးမီးယားလိဂ်ကို ဦးဆောင်ခသည်။ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို (၃) ဂိုး - ဂိုးမရှိဖြင့် အနိုင်ယူကာ ပရီးမီးယားလိဂ်ဆုဖလားကို နှစ်နှစ်ဆက်တိုက် သိမ်းပိုက်ခပြီး မော်ရင်ဟိုအနိန် ဖြင့် ပြည်တွင်းချန်ပီယံဆုဖလားကို (၄) ကြိမ်ဆက်တိုက် ရရှိခခြင်းဖြစ်သည်။ ချန်ပီယံဖလားရယူပြီးနောက် သူ၏ ဆုတံဆိပ်နှင့် ကုတ်အင်္ကျီကို ပရိသတ်ကြားထဲသို့လွှင့်ပစ်ခဲ့သော်လည်းမိနစ်ပိုင်းအတွင်းဒုတိယမြောက် ဆုတံဆိပ်တခုကိုသူ့အားချီးမြှင့်ခသည်။
၂၀၀၆ နွေရာသီတွင် အသင်းပိုင်ရှင် အေဘရာဟင်မိုဗစ်ခ်ျက ယူကရိန်းတိုက်စစ်မှူး အင်ဒရေ ရှက်ဖ်ရှင်ကိုအား ကလပ်စံချိန်တင် ပြောင်းရွှိ့ကြီးဖြင့် စာချုပ်ချုပ်ခေါ်ခမှုသည် မော်ရင်ဟိုနှင့် အေဘရာဟင်မိုဗစ်ခ်ျတို့အကြား သဘောထားကွဲလွဲသည့် ဗွေဆော်ဦး အချက်တခု ဖြစ်ခသည်။ စာချုပ်ခေါ်ယူချိန်တွင် ရှက်ဖ်ရှင်ကိုသည် ဥရောပအကောင်းဆုံး တိုက်စစ်မှူးများအနက် တဦးဖြစ်ပြီး အေစီမီလန်တွင် ကစားခဲ့သည့် (၇) နှစ်တာကာလအတွင်း ချန်ပီယံလိဂ်ဆုဖလား၊ စကူဒက်တိုဖလားနှင့် ဥရောပ တနှစ်တာအကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) တို့ကို ရဟိခပြီးဖြစ်သည်။ချယ်ဆီးအသင်းသည် ရှက်ဖ်ရှင်ကိုအား ယခုခေါ်ယူမှုမတိုင်မီ ရှေ့နှစ်နှစ်လောက်ကတည်းက ခေါ်ယူဖို့ရန် ကြိုးစားခကေလည်း မီလန်အသင်းက အေဘရာဟင်မိုဗစ်ခ်ျ၏ ရှက်ဖ်ရှင်ကိုအပေါ် စိတ်ဝင်စားမှုကို ပယ်ချခဲ့သည့်အတွက် အထမမြောက် ခ ခြင်းဖြစ်သည်။
ရှက်ဖ်ရှင်ကိုသည် ပထမရာသီတွင် လိဂ်ဂိုး (၄) ဂိုးနှင့် ပြိုင်ပွဲအရပ်ရပ်တွင် (၁၄) ဂိုးသာ သွင်းယူနိုင်ခဲ့သဖြင့် ချယ်ဆီးပရိသတ်များ အထူးစိတ်ပျက်လက်ပျက် ဖြစ်ခကတ်ပါသည်။ ရှက်ဖ်ရှင်ကိုနှင့် တိုက်စစ်တွဲကစားသူ ဒီဒီယာဒရော့ဘာကမူ သူ၏ ကစားသမားဘ၀တွင် ဂိုးသွင်းစံချိန် အမြင့်ဆုံးရာသီဖြစ်ခဲ့သည့်အတွက် ထိုရလဒ်ကြောင့် မော်ရင်ဟိုက ရှက်ဖ်ရှင်ကိုအား ပွဲထွက်ကစားသမားအဖြစ်မှ ဖြုတ်ချန်ခပါသည်။အထူးသဖြင့် အန်းဖီးလ်ဒ်တွင် ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်တွင် မော်ရင်ဟိုသည် ရှက်ဖ်ရှင်ကိုအား အရန်ခုံတွင်ပင်ထိုင်ခွင့်မပြုတော့ပေ။
နောက်ပိုင်းတွင် ရှက်ဖ်ရှင်ကို ကစားသည့်ကို မြင်တွိ့လိုကြောင်း မော်ရင်ဟိုအား အေဘရာဟင်မိုဗစ်ခ်ျ၏ အတင်းအကျပ်တောင်းဆိုမှုသည် သူတို့နှစ်ဦးအကြား ပဋိပက္ခဖြစ်စရာ နောက်အကြောင်းတချက် ဖြစ် ခသည်။ ချယ်ဆီးအသင်းသည် ရှက်ဖ်ရှင်ကိုတင်မကဘဲ ကွင်းလယ်ကို တောင့်တင်းစေရန်အတွက် ဂျာမဏီလက်ရွေးစင်အသင်းခေါင်းဆောင် မိုက်ကယ်ဘောလက်ကိုလည်း စာချုပ်ခေါ်ယူခသည်။ ရှက်ဖ်ရှင်ကိုနှင့် မိုက်ကယ်ဘောလက်တို့ ရောက်ရှိလာသည့်အတွက် နည်းပြဟောင်း ရေနီယာရီနှင့် မော်ရင်ဟိုလက်ထက်တွင် အရေးပါသည့် ကစားသမားတဦးဖြစ်ခဲ့သူ အိုက်စလန်တိုက်စစ်မှူး ဂတ်ဂျွန်ဆင်သည် ချယ်ဆီးအသင်းမှ ထွက်ခွာကာ ဘာစီလိုနာအသင်းသို့ ပြောင်းရွှိ့လားခပါသည်။

မှတ်ချက်။ ခေတ်ပြိုင်မှ မြန်မာမူကို ရခိုင်ပိုင် အတတ်နိုင်ဆုံး ပြန်ဆိုထားပါကြောင်းဝန်ခံလိုက်ရပါသည်။
http://www.khitpyaing.org/index.php?route=detail&article
No comments:
Post a Comment