Thursday, September 16, 2010

လွမ်းရိပ်ကြယ်

ပျင်းပျင်းရိရိဖြစ်နိန်ရေ ညချေတစ်ညမှာ
ကောင်းကာင်ပြင်က ကြယ်တာရာတိကို
ငါရီတွက်နိန်ယင်း
ရုတ်တရက် မင်းမျက်ဝန်းချေတစ်စုံက
တိမ်ရောင်တိဖုံးလိုက်တေ။

မင်းဆိုရေ အာရုံနောက်ကို
တကောက်ကောက်လိုက်ယင်းနန့်
ချောက်ကမ်းပါးချေတစ်ကို ထိုးကျနိန်ခိုက်မှာ
စိတ္တဇ လီညှင်းချေတိက
ငါ့ကိုငါ ပြန်သတိရမိစီခရေ
အို……….
ဒေမှာလည်း အလွမ်းကြယ်တာရာတိ
ငါ့နှလုံးသားထဲမှာ လင်းလက်နိန်ရေ။

ပုဏ္ဏရာဇ် (ဦးရာဇ်မြီ)

မှတ်ချက်...အရှင်ထေရိန္ဒ ( ပုဏ္ဏားကျွန်း) ( ရီးထားကဗျာကို တင်ထားလိုက်ခြင်းဖြစ်ပါရေ

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။