Thursday, September 16, 2010

အချစ်

မင်းပျော်ရွှင်ချိန်မှာ သတိရနိန်စွာက
ငါစွာပထမဆုံးလား ။
မင်းနာကြင်ချိန်မှာ ခံစားရစွာတိက
ငါ့ကြောင့်လား။
မျက်စိချေမှိတ်လို့ မအိပ်ခင်အချိန်မှာ
နဖူးမှာလက်ချေတင်ဗျာလ် စဉ်းစားနိန်မိစွာက
ငါ့အကြောင်းလား။
မိုးထဖက် နိန့်ရက် အသစ်တစ်ခုကိုရောက်လီတိုင်း
ပထမဆုံးသတိရမိစွာက ငါ့ကိုရာလား ။
ရင်တွင်းမှာသိုမှီးထားရေ ချစ်စကားချေကို
အယင်ပယင်ကြားချင်နိန် စွာက ချစ်လို့လား ။
အမုန်းမပါ အပြုံးကာဘာနန့် လွှမ်းခြုံထားရေ
အပြုံးချေတိကို တမ်းတနိန်ဗျာလ်လား။
ချစ်လျက်နန့် ချစ်စကားကို
ဖွင့်ပြောဖို့ကို လူတိယှိလို့ ရှက်နိန်စွာလား။
ဖွင့်ပြောချင်ကေလည်း လူတရှမှာဖြစ်လို့ အားနာနိန်စွာလား။
အပြုံးတိကိုမြင်လိုက်တိုင်း နှုတ်ခမ်းချေကို ယွေ့တတ်နိန်ဗျာလ်လား။
အချစ်ကာရန်ကို အသက်သွင်းတတ်ကေလည်း
ဇာကြောင့် အထိမခံချင်စွာလည်း။

ကိုယ်အနားကထွက်လခကေလည်း နောက်ကိုပြန်ကြည့်ဗျာလ်
သက်ပြင်းတိကို ရက်တန့်မရအောင်ချနိန်ဖို့အစား
လားခါနီးမှာပြောခရေစကားချေတိကို သတိရလိုက်ပါလား။
စကားသံကိုကြားရလီတိုင်း နူးညံ့ရေအမိန့်တော်ချမှတ်နိုင်ဖို့လား။
နောက်တစ်ယောက်နန့် ပျော်နိန်စွာကိုတွိ့ကေ
သ၀န်တိုနိန်ဖို့အစား ခွင့်လွှတ်နိုင်ဖို့လား။
အွင်လိုင်းကပို့ပီးရေ အီးမေးလ် အဟောင်းတိကိုဖတ်ဗျာ
ပျော်ရွှင်တတ်ဖို့လား။
လူချင်းဝီးကွာနိန်ရကေလည်း မေးဟောင်းချေတိကိုဖတ်ဗျာလ်
ကြည်နပ်ခွင့်လွှတ်နိုင်ဗျာလ်လား။
မေးလ်ဟောင်းချေတိကိုဖတ်ယင်း အတိတ်ရင်ထွင်က
နှလုံးဘ၀င်ချေတိကို ပြန်သတိရနိုင်ယင့်လား။
အော်…………….
အဖြေတိက မင်းရင်တွင်းမှာရာ
အဖြေတိုင်းက “ဟုတ်တေ မှန်ရေ” ဆိုကေ
မင်းရင်ထဲမှာ ချစ်စစ်အမှန် ယှိနိန်ဗျာလ်နှန်း။
ချစ်စစ်အမှန် ရှိနိန်ပြန်ကေ
သစ္စာခါခါ ဆိုထားပါချိန့်
သစ္စာခါခါ ဆိုထားပါမှ
သူကတစ်ခါ ငါကတစ်လေ့
ပြန်ပနာလှည့်ဗျာလ် ချစ်စိတ်ပြိုင်လိမ့်
သူ့ကိုဖြူစင် ကိုယ့်အမြင်က
စစ်မှန်ပီးဆပ် ချစ်အတွက်တည်း ။

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။