Monday, August 23, 2010

ဟိုဆေးမော်ရင်ဟို (သို့မဟုတ်) စပါယ်ရှယ်ဝမ်းအကြောင်း တစိတစောင်း အပိုင်း(၁)

သူ့မျက်နှာမှာအမြဲတမ်း အရယ်အပြုံးတိကို တွိ့ရပါရေ။ မှုန်ကုတ်ကုတ် မျက်နှာထားနန့် ဇာသူ့ကိုမှ မထီရေ ပုံစံမျိုးနန့် သူ့ကိုအမြဲတမ်း တွိရတတ်ပါသည် ။ မထင်လျှင် မထင် ရေပိုင် ပြုမူ ပြောဆိုတတ်ရေ အတွက်နန့် မီဒီယာများထမှာ မကြာမကြာ ပွဲဆူတတ်ပါရေ။ အပြောကြီး ရေပိုင် ပြောရေအတိုင်းလည်း အောင်မြင်မှုရယောင်လည်း လုပ်ဆောင်တတ်ပါရေ ။ ကိုင်တွယ်ခရေ ကလပ်အသင်းတိုင်းကို ချန်ပီယံဆုဖလားများ ရရှိအောင် စွမ်းဆောင် ပီးခပါရေ ။ သူသည်ကား သူ့ကိုယ်သူ “ ကျွန်တော်စွာ စပါယ်ရှယ်ဝမ်းပါ” လို့ ကြွေးကြော်လေ့ရှိသည့် ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုပင်ဖြစ်ပါသည်။ ပေါ်တူဂီ ဂိုးသမားဟောင်း ဟိုဆေးဖိလစ်မော်ရင်ဟိုနှင့် မာရီယာဂျူလီယာမော်ရင်ဟိုတို့၏ သားဖြစ်သည့် ဟိုဆေးမော်ရင်ဟိုကို ၁၉၆၃ ခုနှစ် ဇန်န၀ါရီလ (၂၆) ရက် နိန့်မှ ပေါ်တူဂီနိုင်ငံ၊ စီတူဘယ်လ်မြို့၌ မွီးဖွားခပါသည်။ သူသည် ဘောလုံးလောကသို့ ကစားသမားတဦးအနိန်နန့် စတင်ခြီချ ခကေလည်း သူ၏ ခြီစွမ်းခြီစနည်းမှုအပေါ် အားမရရေအတွက်တာနန့် နည်းပြအလုပ်ဘက်သို့ ကူးပြောင်း လား ခပါ သည် ။
၁၉၉၀ ပြည့်လွန် ဦးစဆုံးအချိန်တွင် လက်ထောက်နည်းပြ ဘ၀နန့် လူငယ်အသင်း နည်းပြ အဖြစ် လုပ်ဆောင်ပြီးရေနောက်ပိုင် အင်္ဂလိပ်လူမျိုးနည်းပြကြီး “ဆာဘော်ဘီရော့ဆင်”အတွက် စကားပြန် ဖြစ်လာခဖူးရေ ။ မော်ရင်ဟိုသည် ပေါ်တူဂီတွင် စပို့တင်းကလပ်ဒီပေါ်တူဂယ်လ်နှင့် အက်ဖ်စီပေါ်တိုကလပ်တို့၌ ဆာဘော်ဘီရော့ဆင်နန့့်် အတူတွဲလက်တွဲလုပ်ယင်း ၀ါရင့်နည်းပြကြီးထံမှ နည်းပြပညာကို တလှေကြီး ဆည်းပူးခွင့်ရခဖူးပါသည် ။ ယင်းနောက်ပိုင် စပိန်ကလပ် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လားခရေ ဆာဘော်ဘီရော့ဆငနောက်သို့ မော်ရင်ဟို လိုက်ပါလားခပါသည်။
သူသည် နည်းပြအလုပ်မှာ စတင်အာရုံစိုက်မိသည်နန့် အချိန်တိုအတွင်း သဘော ကျ လာရေနန့်တူရေ ။ ၂၀၀၀ ပြည့်နှစ်မှာ ဘင်ဖီကာအသင်းကို စတင်ကိုင်တွယ်ဖူး ခသည် ။ ယင်းနောက် ၂၀၀၁-၂၀၀၂ မှာ ယူနီရာအိုဒီလေးရီရာအသင်းကို နည်းပြ ဖူးခပါ သည်။ ၂၀၀၂ ခုနှစ်မှာ အက်ဖ်စီပေါ်တိုအသင်းသို့ နည်းပြချုပ်အဖြစ် ပြန်လည်ရောက်ရှိလာပြီး ၂၀၀၃ ခုနှစ် ဘောလုံးရာသီ မှာ ပေါ်တိုအသင်းကို ပေါ်တူဂီလီဂါဖလား၊ ပေါ်တူဂီဖလာနန့် ယူအီးအက်ဖ်အေဖလားများ ရရှိအောင် စွမ်းဆောင်ပီးခဖူးပါရေ။ ယင်းနောက် ၂၀၀၄ ခုနှစ် မှာ ပေါ်တိုအသင်းကို ဒုတိယအကြိမ် ပေါ်တူဂီလီဂါဖလားရရှိအောင် နည်းပြပီးခဖူးရေပိုင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလား ရရှိအောင်လည်း စွမ်းဆောင် ပီးခဖူးရေအတွက် ယင်းအချိန်ကပင်စလို့ မော်ရင်ဟိုကို ဥရောပကလပ်အသင်းကြီးများက ကကောင်းမျက်စိ ကျဖူးခပါသည် ။

မော်ရင်ဟိုသည် နောက်နှစ် မှာ ရုရှား သဌီး ရိုမန်အေဘရာမိုဗစ်ခ်ျ ပိုင်ဆိုင်ထားရေ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းသို့ ပြောင်း ရွှိ့ ပနာ ၂၀၀၅ ခုနှစ် နန့် ၂၀၀၆ ခုနှစ် ရို့ မှာ ချယ်ဆီးအသင်းကို နှစ်နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင် ပီးခဖူးပါရေ ။ သူသည် ဟုတ်တိုင်းမှန်ရာကို ပြောဆိုတတ် ရေအတွက်နန့် အငြင်းပွားဖွယ်ရာကိစ္စ တိကိုလည်း မကြာမကြာ လက်ယပ်ခေါ် ရေပိုင် ဖြစ်ခဖူးပါရေ ။ သို့သော် ပေါ်တိုအသင်းနှင့် ချယ်ဆီးအသင်းတွင် ရရှိသည့် အောင်မြင်မှုများကြောင့် အဆင့်တူ နည်းပြများနှင့် စာနယ်ဇင်းများက သူ့ကို ကမ္ဘာ့ထိပ်တန်း ဘောလုံးနည်းပြတဦးအဖြစ် အသိအမှတ်ပြု ခ ဖူးပါ သည်။

ယင်းအောင်မြင်မှုများအတွက် မော်ရင်ဟိုကို နိုင်ငံတကာ ဘောလုံးသမိုင်း နန့် စာရင်းဇယားပြုစုရေးအဖွဲ့ချုပ် (IFFHS) က ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ဘောလုံးရာသီနှစ်ခုစလုံးအတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြအဖြစ် ရွေးချယ်ပီးခပါ သည် .။

ယင်းနောက် ချယ်ဆီးအသင်း နန့် သဘောထားကွဲလွဲပနာ ကလပ်မဲ့ ၄- ၅ လလောက် ကြာပြီးရေအခါ အီတလီကလပ် စီးရီးအေအသင်းသို့ ပြောင်း ရွှိ့ ခပါသည် ။ ၂၀၀၈ ခုနှစ်လယ်ပိုင်းလောက်တွင် အင်တာမီလန်အသင်းနှင့် (၃) နှစ်စာချုပ် ချုပ်ဆို ခပါသည်။ (၃) လအတွင်း မှာ သူ၏ ပထမဆုံး အီတလီဆုဖလားဖြစ်ရေ စူပါကိုပါအီတာလီယာဖလားကို ရယူနိုင်ခကနာ အီတလီစီးရီးအေ ချန်ပီယံဆုဖလားကို ရယူခြင်းဖြင့် သူ၏ ပထမရာသီကို အဆုံးသတ်ခဖူးပါသည် ။

၂၀၀၉-၂၀၁၀ ဘောလုံးရာသီ မှာ အင်တာမီလန်အသင်းကို စီရီးအေလိဂ်ဖလား၊ ကိုပါအီတာလီယာဖလား၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဖလားများ ရယူပီးခြင်းနန့် အင်တာမီလန်အသင်းကို အီတလီဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ် ဖလား (၃) လုံးရရှိသည့် ကလပ်အသင်းဖြစ်အောင် စွမ်းဆောင်ပီးခဖူးပါသည်။ ယင်းပိုင် အောင်မြင် မှု များနန့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလား (၂) ကို မတူညီသော ကလပ်အသင်း (၂) သင်း နန့်အတူ ရရှိဖူးခရေ တတိယမြောက် ဘောလုံးနည်းပြ ဖြစ်လာပါ သည် ။ မော်ရင်ဟို၏ ရှိ့မှာ သြစတြီးယားလူမျိုး ဘောလုံးနည်းပြ အားနက်စ်ဟာပယ်လ် နန့် ဂျာမန်လူမျိုး ဘောလုံးနည်းပြ အော့တမာဟစ်ဇ်ဖဲလ်ရို့ ရရှိဖူးခပါ သည် ။

တဦးချင်းဆုများအ နိန် နန့် မော်ရင်ဟိုသည် ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ယူအီးအက်ဖ်အေ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ပေါ်တူဂီလီဂါ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၉ စီးရီးအေ တနှစ်တာအကောင်းဆုံး မန်နေဂျာဆု၊ နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းဇယားပြုစုရေးအဖွဲ့ချုပ် (IFFHS) ၏ ၂၀၀၄-၂၀၀၅၊ ၂၀၀၅-၂၀၀၆ ကမ္ဘာ့အကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၂-၂၀၀၃၊ ၂၀၀၃-၂၀၀၄ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် တနှစ်တာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၃, ၂၀၀၄, ၂၀၀၅ ယူအီအက်ဖ်အေ တနှစ်တာအကောင်းဆုံးနည်းပြဆု၊ ၂၀၀၅ ဘီဘီစီစပို့တ်၏ တနှစ်တာအကောင်းဆုံးနည်းပြ၊ ၂၀၀၅ Onze d'Or အကောင်းဆုံး ဥရောပနည်းပြဆု၊ ၂၀၀၄ နိုဝင်ဘာ, ၂၀၀၅ ဇန်န၀ါရီ, ၂၀၀၇ မတ်လ ပရီးမီယားလိဂ် တလတာအကောင်းဆုံးမန်နေဂျာဆု၊ ၂၀၀၄, ၂၀၀၅ ကမ္ဘာ့ဘောလုံးမဂ္ဂဇင်း တနှစ်တာအကောင်းဆုံးနည်းပြဆုနှင့် နိုင်ငံတကာအားကစားမီဒီယာအဖွဲ့၏ ၂၀၁၀ ကမ္ဘာ့အကောင်းဆုံးမန်နေဂျာဆုတိကို ရရှိခဖူးပါ သည် ။

ယင်းပိုင်ရရှိရေအတွက်နန့် လစ္စဘွန်း နည်းပညာတက္ကသိုလ်က သူ၏ အောင်မြင်မှုများအတွက် Honoris causa ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင်ဖူခပါသည် ။

ပေါ်တိုအသင်းနှင့် ဖလား (၆) လုံး၊ ချယ်ဆီးအသင်းနှင့် ဖလား (၆) လုံး၊ အင်တာမီလန်အသင်းနှင့် ဖလား (၅) လုံး ရယူပြီးဖြစ်သည့် မော်ရင်ဟိုကို ဒေနိန့် အချိန်အခါ မှာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာများအနက်မှ တယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု နိန်ပါယာဗျာလ် လို့ထင်ရပါသည် ။ မော်ရင်ဟိုသည် ၂၀၁၀ ခုနှစ် မေလ (၂၈) ရက်နေ့မှာ စပိန်ကလပ်အသင်းကြီးညဖစ်တေ ရီးရဲလ်မက်ဒရစ်အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူရန် လက်ခံထားပါသည် ။
မှတ်ချက် …..
ခေတ်ပြိုင်သတင်းဌာနက
မြန်မာစာမူရင်းကို အတတ်နိုင်ဆုံးရခိုင်ပိုင် ပြန်ရီးထားခြင်းဖြစ်ပါရေ
မှားယွင်းချက်တိပါခကေ ဦးရာဇ်မြီသားသျှေ၏ အမှားရာဖြစ်ပါကြောင်း ၀န်ခံပါသည်။
http://www.khitpyaing.org/

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။