အမင် . .
သတိရခြင်းတိကို စာရွက်ပေါ်မှာရေးချယင်း
ရင်ထဲမှာဟာတာတာဖြစ်လာနိန်ပါရေ
ဗလာစာမျက်နှာမှာ နောင်တတရားတိကို
ဆင်ခြင်ယင်းနန့် ရီးမိပါရေ။
ကဗျာလည်းမပီ စာလည်းမညီ
ကာရံလည်းမထိတထိနန့်
အေစာရွက်တိကို
ခံစားချက်တိ ပီပြင်လာလို့
အလွမ်းတိ ညီညာလာဖို့
သတိရခြင်းက ပိုပိုလာလီဖို့
နောင်တတရားတိကို စာရွက်ပေါ်မှာ
ကဗျာအဖြစ်နန့် ညီညီညာညာ
စီတန်းပနာ ရီးချလိုက်မိ ပါရေ .။ . .
အမင်. . .
သတိရခြင်းဆိုစွာ တိုက်ဆိုင်မှုရှိရေလူမှရာလတ်…
ပြောစမှတ်စတော့ရှိကတ်ပါရေ
ယင်းပိုင်ဆိုကေ. . .
အမင်အတွက် သတိရခြင်းတိက
နိန့်စဉ်နန့်အမျ တိုက်ဆိုင်ခဖို့ထင်ပါရေ။
အယင်အငယ်ချေခါက . . .
အမင်နံပါးမှာ နိန်ဖူးခရေ သားက
အဂုဆိုကေ ရီခြား မြီခြားမှာ
ပညာနန့် ဘ၀၀မ်းစာ ရှာနိန်ရရေသား …
အချိန်ကိုမလေးစားရေသား
နီမြင့်မှ အိပ်ရာကထရေသား
အမင်လာနှိုးခါမှထတတ်ရေသား
အဂုတော့ခါ အချိန်တိကိုလေးစား
အချိန်နန့်လား အချိန်နန့်စား
အချိန်တိကြားမှာ ဘဝအတွက်လှုပ်ရှားနိန်ရပါဗျာလ် လေ ။…
အမင်ချက်ပနာကျွေးတိုင်းကို စားဖူးခရေ ထမင်းနန့်ဟင်းတိ
အဂုအချိန်မှာ ကိုယ်တိုင်ချက်နိန်ရပါဗျာလ် …
အမင် လျှော်ဖတ်ထားရေ ဖြူဖြူစင်စင်အ၀တ်တိ
.အဂုအခါမှာ မ၀တ်ရစွာများလာတော့
ကိုယ်တိုင်လျှော်ဖွတ်ပနာ ၀တ်ဆင်မိတိုင်း
အမင်ကိုနိန့်တိုင်းသတိရပါရေ..
အမင်ဆုံးမတိုင် မအီးမချမ်းဖြစ်ခရေသား
အဂုတော့
ကိုယ့်ကိုပြန်ဆုံးမတတ်လာဗျာလ်
အမင်လုပ်ခိုင်းတိုင်း ငြူစူခရေသား
အဂုတော့ သူများခိုင်းသမျ မငြူမစူလုပ်နိန်ရဗျာလ်
အမင်၏ ဆုံးမသွန်သင်မှု
လမ်းပြမှု ကြင်နာယုယမှု
အီးချမ်းရေ မေတ္တာ ဂရုဏာစစ်တိက
အဂုအချိန်မှာတော့ နောင်တတရားတိနန့်
ရင်ထဲမှာအသေအချာ သတိရနိန်ပါရေ အမင်….
အမင်အတွက်
ရီးနိန်ရေကဗျာတိက မညီမညာပါ
စာလုံးတိကလည်း မပီကလာပီကလာနန့်
ကာရံတိကလည်း မသေမချာ ဗလီဗလာနန့်
စာတမ်းတိကလည်း မစီတစီနန့်လေ..
သို့သော်လည်း…
အလွမ်းတိကတော့ ညီညာနိန်ပါရေ
သတိရခြင်းတိကတော့ ပီပြင်ပါရေ
နောင်တတရားတိ ရင်မှာဖြစ်ပေါ်နိန်ပါရေ
ယင်းနောင်တတရားတိကို အသေအချာစီပနာရီးချယင်း
တိုက်ဆိုင်မှုယှိလို့ အမင်ကိုသတိရရေ အခါတိုင်းမှာ
ရင်ထဲမှာတတိုးချေ ရွတ်ဖတ်မိစွာက
“အမင်သို့ တမ်းတခြင်း’’
အမင် အတွက် ရီးနိန်ရေစာက..
အမင် ကျန်းမာပါစီ
အမင် စိတ်ချမ်းသာပါစီ
အမင် အသက်ရာကျော်ရှည်ပါစီ …လို့ …
ခိုင်ကြီး
No comments:
Post a Comment