Friday, April 22, 2011

မုန်တိုင်းသင့်ဒေသသို့သွားရောက်လေ့လာသူတဦး ၏ ခရိးသွားမှတ်တမ်း

လင်းလင်း
ဒီဇင်ဘာလ ၁ ရက် ။၂၀၁၀၊ ခုနှစ်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ကျွန်းစုအများဆုံးပိုင်ဆိုင်သည့်ပြည်နယ်ဖြစ်။ ပင်လယ်ကမ်းခြေ ကို ပိုင်ဆိုင်သည်လည်းဖြစ်ရာ မုန်တိုင်းဒဏ်ကို အမြဲတမ်း ရင်ဆိုင်နေရသည့် ပြည်နယ်ဖြစ်သည် ။ ထို့သို သဘာဝ အန္တရာယ်ဝန်းရံ ထားသည့် ရခိုင်ပြည်နယ် ကို ယခုနှစ်အောက်တိုဘာလ ၂၂ ရက်နေ့က လူရာပေါင်းများစွာသေဆုံးခဲ့သည့် အ၀ါရောင် အဆင့်ရှိ ဂီရိမုန်တိုင်းတခု တနာရီလျှင် မိုင်၁င၀ နှုန်းဖြင့်တိုက်ခတ်ခဲ့သည်။ ဂီရိဆိုင်ကလုန်းမုန်တိုင်းအလွန် မုန်တိုင်းသင့်ဒေသများသို့အပါတ် စဉ်သွားရောက်လေ့လာခဲ့ရာတွင် အစိုးရ၏ ဟန်ရေးပြလုပ်ရပ်များစွာနှင့် အတိဒုက္ခ ရောက်နေကြသောမုန်တိုင်းသင့်ပြည်သူများ၏ ရင်တွင်းစကားများ မိမိလေ့လာတွေ့ရှိချက်များကို ခရီးသွားမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါသည်။စာရေးသူသည် ကယ်ဆယ်ရေ.အဖွဲ့သားများနှင့်အတူ မုန်တိုင်းသင့်ဒေသများသို့ သွားရောက်လိုက်ပါခဲ့သည်။ ယင်သို့သွားရောက်လေ့လာခဲ့ရာတွင် အိပ်စရာနေရာ မရရှိခြင်း။ စားစရာများမစားရခြင်းကိုလည်း ကြုံတွေ့ခဲ့ရသည်ဆိုလျင် ယုံနိုင်စရာ မဟုတ်ဟုထင်ကောင်းထင်နိုင်သည်။

ပြည်သူဒုက္ခပုံရိပ်များ
မုန်တိုင်အပြီး ရခိုင်တိုင်းရင်းသားတို့၏ ရင့်ဖွင့်စကားများသည် ကြေကွဲစရာ ၀မ်းနည်းစရာများနှင့် ပြည်သိပ်ခဲ့သည်။ ”အကျွန်ရို့မှာတခုလဲမဟိယာ၊ အိုးလဲမဟိယာ။ အိမ်လဲမဟိပါယာ။ ကယ်ဆယ်ရွီးဆိုပြီးလာရေ ဓာတ်ပုံရိုက်ကတ်တေ၊၊ ပြီးကေသူရို့ကိုပြန်ပြီးလိုက်ရရေ၊ ယင့်စွာတိကို တီဗွီ မှာလွှင့်ရေ ကယ်ဆယ်ရေဆိုစွာ ရက်စက်ရေလူတိပါ။ အကျွန်ရို့ရွာမှာ နှစ်ယောက်သီရေ၊ အခြားရွာတိမှာ ၅၀လောက်သီရေလို့ ပြောကတ်ပါရေ။ ယင်းသီရေကိစ္စကို ရယကကို မယကကခေါ်ဗနာ ရွာမှာသီရေလူမရှိလို့ ပြောဖို့စွာခြိမ်းခြောက်ပါရေ။ အကျွန်ရို့စွာအခုဆိုကေ ငှက်ပျောပင်တိကို ဟင်းချက်စားပနာ နီရပါရေ။ ငါးပိမရှိ. ငါးလဲ မရှိ။ ပုဂ္ဂလိက ကယ်ဆယ်ရေးတိလာမှ စားရပါရေ“ ဟုပေါက်တော မြို့နယ်မှာအိမ်ရှင်တဦး ရင်ဖွင့်သံဖြစ်သည်။
သူတို့ အခက်အခဲ
မုန်တိုင်းသင့်ဒေသမှ ကျေးရွာအချို့သည် သောက်သုံးရေအခက်အခဲကို ရင်ဆိုင်နေကြရသည့်အပြင် ပြန်လည်ထူထောင်ရေးတွင် အိမ်နှင့်အမိုးများလည်း အရေးတကြီး လိုအပ်ချက်ဖြစ်သည်ကို တွေ့ရသည်။ မြန်မာ့သတင်းစာများတွင် အလှူငွေလက်ခံရရှိသော သတင်းများကိုသာ ဝေေ၀ဆာဆာ ဖော်ပြထားသော်လည်း  အစိုးရ အဖွဲ့စည်းများက မုန်တိုင်းသင့်ဒေသသို့ ပေးချေမှုမှာ အနည်းငယ်သာဖြစ်ပြီး စစ်တွေ အပါအ၀င်တခြားဒေသများမှ လူမှု အဖွဲ့အစည်းများ၏ အကူအညီကြောင်းသာ အသက်ဆက်နေရခြင်း ဖြစ်ကြောင်းကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ဤသို့ အဖြစ်ဆိုးများနှင့်ကြုံရသေး
ထိုမျှမကသေးသောက်သုံးရေးရှားပါး ခြင်းကြောင်း ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားလာမှုမှာလည်း တိုးလာခဲ့ရာ အစိုးရအဖွဲ့အစည်းများက လဲလှည့်မကြည့်ကြ။ အစိုးရမဟုတ်သည့် လူမှုကူညီရေးအဖွဲ့များကသာ ရှေးတန်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရသည်။ လက်ရှိ အချိန်တွင် ရွက်ဖျင်တဲမရ ရှိကြသေးသည့်အပြင် တာလပါတ်ရှာများကိုလည်း ဖြစ်သလို မိုးပြီး နေကြသည်။
ဟန်ရေးပြ  လုပ်ရပ်များ
ရွက်ဖျင်တဲများပေးထားသော်လည်း ယင်းတဲများမှာ ပေါက်ပြဲခြင်း မီးပေါက်ကျခြင်းစသည့် အပျက်အစီးများရှိပါ ကပေးလျော်ရမည်ဟု ပြောထားသဖြင့် မနေရဲကြသော တဲအလွတ်များကိုလည်း တွေ့ခဲ့ရသည်။ တစ်ရွာလျင် ရွက်ဖျင်တဲဆယ်ကိုးလုံးသာရှိပြီး ဟန်ပြသဘော ဆောက်ပေးထားကြောင်းလည်း  ဒေသခံများကပြောကြသည်။ ယင်းအတွက် ရန်ကုန်မှNGOတခုက ငွေနှစ်သိန်းခန့်ကုန်ကျမည့် ၀ါးအိမ်၁၂၀၀ကဆောက်ပေးရန် စီင်္စဉ်ဆောင်ရွက်နေတာကိုလည်း တွေ့ခဲ့ရသည်။ ရေတွင်းများတူးဖော်ရေး၊ အိမ်သာများဆောက်လုပ်ရေး အခမဲ့ဆေးပေးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း NGO တခုကဆောင်ရွက်နေသည်။  သို့တိုင်အောင် လုပ်ငန်းဆောင်ရွက်မှုများတွင် အစိုးရ ကန့်ကွက်မှု နှောက်ယှက်မှု များလည်း ရှိလာမည်ကို စိုးရိမ်နေကြသည်။
အလုပ်အကိုင်အခွင့် အလမ်းများသည်
မုန်တိုင်းသင့်ဒေသများသို့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေကြသော်လည်း ရေရှည်တွင်မည်သို့ လုပ်ကိုင်ပေးကမ်းကြမည်ကို တွေ့လာကြသည်။ အလှူရှင်များအနေဖြင့်လည်း အမြဲတစေ လှူနိုင်ရန်အတွက်မှာ မဖြစ်နိုင်ချေ။  သို့ကြောင့် အခြေခြံစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ငါးဖမ်းစက်လှေများ ပိုက်များကိုလည်း ပေးလှူနိုင်ရန် လိုအပ်လျက်ရှိသည်။ အစိုးရကမူ ပေါက်တောနှင့် မြေပုံမြို့နယ်တို့တွင် လှေများဆောက်လုပ်လျက်ရှိသော်လည်း ဟန်ပြအတွက်သာ ပြထားရန်ဖြစ်သည်။ မုန်တိုင်းသင့်ကျေးရွာများသို့  ပေးလှူခြင်း မရှိသေးသည်ကို တွေ့ရသည်။
ဂီရိကြောင်း ၀မ်းစာအိုးကွဲသည်မှာ
မုန်တိုင်းကြောင်း လှေအစီး ၁၅၀ ခန့် ပျက်စီးသွှားခဲ့ရာ စက်လှေ အစီး ၁၀၀ကျော် ပါဝင်ခဲ့ကြောင်းလည်း စာရင်းအရသိရသည်။ သို့သော်လည်း ပြည်တွင်းဂျာနယ်များတွင် လှေအစီး (၇၀) ခန့်သာပျက်စီးခဲ့ကြောင်း ဖော်ပြသည်။  ထို့အပြင် လူ၆ သောင်းခန့်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ဖော်ပြထားခြင်းမှာ သတင်းမှားများဖြစ်ကြောင်း စင်စစ်တွင် လူတသိန်း ခွဲခန့်အိုးမဲ အိမ်မဲ့ဖြစ်ခဲ့ရကြောင်းပုဂ္ဂိလက စာရင်းအရ သိရသည်။ မြန်မာအစိုးရသည် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင်းဒေသများ၏ အကြောင်းကို ရေးသားဖော်ပြရာတွင် သုံးပုံတပုံခန့်သာဖော်ပြခဲ့ပြီး စာရင်းဖျောက်ဖျက်သည်က့အပြင် ပြည်တွင်း ဂျာနယ်များတွင်လည်း သတင်း အနည်းငယ်သာဖော်ပြပေးထားခြင်း  ရန်ကုန်တိုင်း နာမည်ကြီး သတင်း ဂျာန.ယ်တစောင်မှ တာဝန်ရှိသူတဦးကပြောသည်။
ပေါက်တော၊မြေပုံ၊ ကျောက်ဖြူ သုံးမြို့နယ်အနက် မြေပုံမြို့နယ်မှာ  အပျက်အစီး အများဆုံးဖြစ်ရာ ကယ်ဆယ်ရေး အဖွဲ့များကလည်း မြေပုံသို့ အဓိကသွားရောက်ကြသည် ကိုတွေ့ရသည်။ ယင်းအနက် တချို့သော ကယ်ဆယ်ရေး အဖွဲ့များသည် သွားလာရန်ခက်ခဲ့သော ကျေးရွှာများသိုသွားရောက်ကာ ပစ္စည်းအထောက်အပံ့များကို ကျေးရွာသားများလက်ထဲ အရောက် ပေးကမ်းခဲ့သည် ကိုတွေ့ခဲ့သည်။ တချို့နယ်ဘက်များတွင် ဝေးလံသည့်အတွက် အကူအညီ ပေးရေးလုပ်ငန်းများမှာ ထင်သလောက် မရောက်ဖြစ်နေသည်။
ဆန္ဒ အမှန်ကို ဖော်ထုတ်ပြရလျှင်
 ငရီချိုင်ကျေးရွာသားများ အဆိုအရ အစိုးရအဖွဲ့စည်းများသည် ပေးကမ်းမှု မရှိကြောင်း  ပုဂ္ဂိလက ထောက်ပံ့မှု ဖြင်သာ ရရှိနေခြင်းဖြစ်ကြောင်းဆိုသည်။
“ ပြည်သူတိကို ပြည်သူတိက လာပနာ ကူညီကြလို အသက်ရှောင်ပါရေ၊ အစိုးရအဖွဲ့စည်းကို အားကိုဖိုဆိုကေ ငတ်လို့သီစွာကြာဗျာယ်။ ယင်းကြားထဲမှာ လုပ်အားပီးက လာသိမ့်ရေ။ အခု အကျွန်ရို့ဘ၀ရေ ရှင်လျက် သီနီရပိုင် ဖြစ်နီပါယာ။ လုပ်ကိုင်စားသောက်ဖို့လည်း တခုလဲ မရှိယာ။ ပိုက်ချရေ လှေ တစင်းရှိစွာလဲ ပျက်စီးလားယာ။ အိမ်ကလဲ မြင်ရေပအတိုင်းရာ အကာ မရှိ၊ မြီပေါ်မှာ ကြမ်းစုပ်ခင်းပနာ နှီရပါရေ။ နီကာလုံလောက်ပါရာ။ မိုးမလုံပါ၊ မိုး မရွာပါစီကေ့ လို့ရာဆုတောင်းနီရပါရေ။ ဒေစပ်ကြားမှာ ရခိုင်ပါတီကို မဲထည့်ရမလားဆိုပြီး မင်းရို့ရွာသားတိ သတိနန့် နီလို့ လည်း ခြိမ်းခြောက်လူတိ ကလဲ ရှိပါရေ။ ဆုပ်လဲစူးစားလည်းရူး ပါ’’မျက်ရည် စက်လက် နှင့်  အမျိုးသမီး ကြီးတဦး  ဖွင့်ဟသံပင်----။
သူတို့၏ အနာဂါတ်သည်
မျှော်လင့်ချက်ကင်းမဲ့သော မုန်တိုင်းသင့် ပြည်သူများအနေဖြင့် ကောက်ရိုးတမျှင်သည်ပင်လျှင် အားထားရာဟု ထင်မြင်နေချိန်မှာဒေသဆိုင်ရာ အာဏာရှင်များ၏  နိုင်ထက်စီးနင်းစကားများ ဥပဒေအပြင်ဘက်မှလုပ်ရပ်များသည် မည်မျှ ရှိနေပုံကို တွေးတော့မိသည်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့အရောကသွားနေသော အစိုးရ၏ မူဝါဒသည် အောက်ခြေ ရှိ မယက ၊ခယက စသော အပေါ်ဖားအောက် မိ လူမျိုးများလက်ထဲကရုန်းထွက်ဖို့ ကြိုးစားနေကြသော ပြည်သူများ အနေဖြင့် ဆက်လက်ခရီးသွားရမည်မှာမှုန်ဝါးနေခဲ့လိမ်မည်ဟု တွေးမိပါသည်။

အစိုးရ ထောက်ပံ့ရေး ပစ္စည်းများသည် လက်ဆုက်လက်ကိုင် ပြနိုင်သည့် အနေအထား၌ ပင်ရှိမနေခဲ့ သည်မှာအထင် အရှား ပင်ဖြစ်လေသည်။  ဖြစ်သင့်သည် များဖြစ်မလာခဲ့ သော ဘ၀ နေ ရောင်ဝင် ခပ်မှိန်မှိန်တွင်  အနိုင်ထက်ယူလိုသော လူသားများ၏ လုပ်ရပ်သည် မုန်တိုင်းသင့် ပြည်သူများ  အတွက်  ဆန့်ကျင်ဘက်ဖြစ်လာခဲ့သည်။
ပြည်သူအပေါ် တွင်တာဝန်ရှိသည့် အစိုးရတရပ်သည် မုန်တိုင်းသင့် ပြည်သူများအတွက် ပြန်လည် နေရာချထားရေးကို စနစ် တကျ လုပ်ဆောင်သင့်သည်။  မုန်တိုင်းသင့် ပြည်သူများမှာမူ   သိုလှောင်ထားခဲ့သည့် ဝမ်းစာများလည်း မရှိတော့ ချေ။ နဂိုကတည်းက တိုင်းရင်းသားအပေါ်  အလေးမထားခဲ့သလို   ပြည်သူတို့၏ စီးပွားရေးအခွင့် အလမ်းကိုလည်း လုပ်ဆောင်ခွင့်မပေးခဲ့ချေ။ လက်ရှိ အနေအထားတွင် မုန်တိုင်းသင့် ပြည် သူ အများစု အတွက် အနာဂါတ်ကို တာာဝန်ရှိပုဂ္ဂိုလ်များက စနစ်တကျ လုပ်ဆောင်ပေးသင့်သည်။
(မှတ်ချက်= ရခိုင်ပြည်နယ်၌  ၁၈၄၄၊ ၁၈၂၆၊ ၁၉၃၀၊  ၁၉၃၆ ခုနှစ်များတွင် မုန်တိုင်းများသည် ဆိုးဝါးခဲ့သလို ၁၉၆၈ ခုနှစ် အတွင်းတိုက်ခတ်ခဲ့သည့် မုန်းတိုင်းကြောင်း လူထောင်ပေါင်းသေကြေခဲ့သည်။ ၂၀၀၄၊၂၀၀၈-ခုနှစ်များတွင် လည်းရခိုင်တွင်မုန်တိုင်း များ တိုက်ခတ်ခဲ့သည်။)
http://www.rakhaingroma.com/articals/01-2011/artical-02-01-2011.html

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။