Saturday, January 22, 2011

ဆွဲအား

ရယ်စရာဆိုကေ လာရာလားထား
သမိုင်းစာပီဆိုကေ အ၀ီးကယှောင်လား
တရားစကားဆိုကေ ထောက်ခံသူမကြား
အရက်စကားဆိုကေ ပြောရာပြောထား
အဘာလေ၀ိုင် ညီ နှမ ရို့ဝေ
ကြားလိုက်ချင်ရေ  အာပလာစကား
နားထောင်ချင်လိုက်တေ ဂျိ ဂျွတ် စကား
မင်းရို့အတွက် ရင်လီးမိယင့်ဝေ။
မှတ်ဖွယ်မှတ်ရာ စုံလင်စွာဖြင့်
နောက်ခံမှန်ကြောင်း သမိုင်းကြောင်းကို
ရွီးသူတိမှာ ငယ်မျက်နှာဖြင့်
တွန့်ဆုတ်ပနာ အားငယ်စွာနန့်
ငိုင်မှိုင်နိန်ရ သူရို့ဘ၀တိလေ
ဇာပိုင်ပင် ဖြေဆည်းနိုင်ဖို့သိလေ။
ရခိုင်ကဗျာ ရခိုင်လင်္ကာကို
အားပီးကတ်ပါ ညီနှမရို့
ရွီးစပ်ကတ်ပါ ညီနှမရို့
ဖတ်ကြည့်ကတ်ပါ ညီနှမရို့
ဖြန့်ဝီကတ်ပါ နီးစပ်ရာသို့။

ရခိုင့်စာပီ ရခိုင့်အမွီနန့်
ရခိုင့်လင်္ကာ ရခိုင့်ကဗျာကို
သူ ငါ မဖတ်  မကြည့်ကတ်ကေ
ဇာသူလာလို့ ကြည့် ဖတ် ဖို့လေ။

ပြောပြကတ်ပါ ရခိုင်အကြောင်းကို
ထိန်းသိမ်းကတ်ပါ ရခိုင့်အစဉ်အလာကို
ပြောဆိုကတ်ပါ ရခိုင်စကားကို
နားထောင်ကတ်ပါ ရခိုင်သခြင်းကို
ပြောဆိုရွီးစပ် နားထောင်တီးခတ်
တန်ဖိုးထားတတ် အာပီးကတ်ကေ
ဇာလောက်ခေတ်ပြောင်း စနစ်ဟောင်းလည်း
ရခိုင့်တန်ဆာ ရခိုင့်အင်္ဂါတိစွာ
ရခိုင့်ရင်ခွင်နန့် ရခိုင့်နှလုံးအိမ်မှာ
တည်မြဲဖို့ရန် အင်အားတိဗျာယ်ယေ။
ရက္ခ၀ံသ

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။