Tuesday, October 5, 2010

စစ်တွေခရိုင်- ပုဏ္ဏားကျွန်းမြို့နယ်

ပုဏ္ဏားကျွန်းမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၀ံ ၀၈´ မှ ၂၁ံ ၁၈´ ၄၅´ နှင့် အရှိ့လောင်းဂျီတွဒ် ၉၂ံ ၄၅` မှ ၉၂ံ ၄၅` ၁၂´ အတွင်းတည်ရှိသည်။
ဧရိယာစတုရန်းမိုင်ပေါင်း (၄၃၉.၆၁)မိုင်၊ (၂၈၁၃၆၁)ဧကကျယ်ဝန်းသည်။ ရပ်ကွက် (၄)ခု၊ ကျေးရွာအုပ်စု (၉၂)အုပ်စု၊ ကျေးရွာပေါင်း (၁၉၂)ရွာဖြင့်ဖွဲ့စည်းထားပါသည်။ ပင်လယ်ရီ မျက်နှာပြင်အထက် (၁၉၁၈)ပေအမြင့်တွင်ရှိသည်။ လူဦးရီ စုစုပေါင်း (၁၃၀၅၇၈)ဦးနိန်ထိုင်လျက်ရှိပြီး (၁) စတုရန်းမိုင်လျှင်(၁၉၇.၀၃)ဦးနိန်ထိုင်လျက်ရှိသည်။ပုဏ္ဏားကျွန်းမြို့နယ်တွင် ရခိုင်၊ ခမီး၊ မြို၊ဒိုင်းနက်နှင့် မရမာကြီး လူမျိုးများနိန်ထိုင်လျက်ရှိကတ်သည်။ ဘင်္ဂလီလူမျိုး၊ ဟိန္ဒူလူမျိုးတိလည်းနိန်လျက်ရှိကတ်သည်။
ပုဏ္ဏားကျွန်းမြို့နယ်၏မြောက်ဖက်တွင် ကျောက်တော်မြို့နယ်၊ အရှိဖက်တွင် မြောက်ဦးမြို့နယ်၊ အရှိတောင်ဖက်တွင် ပေါက်တောမြို့နယ်၊ တောင်ဖက်တွင် စစ်တွေမြို့နယ်၊ အနောက်ဖက်တွင် ရသေ့တောင်မြို့နယ်နှင့် အနောက်မြောက်ဖက်တွင် ဘူးသီးတောင်မြို့နယ်များရှိသည်။ ပုဏ္ဏားကျွန်းမြို့နယ်၏ မြောက်ပိုင်းတွင် တောဖျားချောင်းနှင့် စမ်းပတီးချောင်းရို့ စီးဆင်းကာ ကုန်းမြင့်တောင်ကုန်းဒေသများတိရှိသည်။ တောင်ဖက်ပိုင်းတွင် ယိုးချောင်းနှင့်ကုလားတန်မြစ်တို့စီးဆင်းလျက်ရှိပြီး မြီဩဇာ ထက်သန်ကောင်းမွန်သည့် မြီပြန့်လွင်ပြင်များရှိသည်။ ပူအိုက်စွတ်စိုသောရာသီဥတုရှိသည်။ ပုဏ္ဏားကျွန်းမြို့နယ်၏မြောက်ပိုင်းဒေသများတွင် မိုးရာသီ၌ရီချို၍ အခြားရာသီ၌ ရီငန်သည်။ တောင်ပိုင်းဒေသတိမှာ ရီငန်ပုဇွန် မွီးမြူခြင်းလုပ်ငန်းကိုလုပ်ကိုင်ကတ်သည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင် လယ်မြီ (၅၇၀၇၆)ဧက၊ ယာမြီ (၃၂၀)ဧက၊ ဥယျာဉ် (၁၉၉၂)ဧက၊အုန်းမြီ(၃၆၀)ဧက၊ လှပ်မြီ (၉၄၀)ဧက၊မြီရိုင်း (၃၀၉၀)ဧက၊သစ်တောဧရိယာ (၆၀၃၁၂)ဧကနှင့် မစိုက်ပျိုးနိုင်သောမြီ (၁၅၇၂၇၁)ဧကရှိသည်။ ရာသီသီးနှံ စပါး၊ ဆောင်းမြီပဲ၊ ဆောင်ငရုတ်၊ မတ်ပဲ၊နီကြာတိကို စိုက်ပျိုးကတ်သည်။ နှစ်ရှည်သီးနှံတိမှာ ငရုတ်ကောင်း၊ ရော်ဘာ၊ မညင်း၊သရက်၊ ကွမ်းသီး နှင့်အုန်းပင်များစိုက်ပျိုးကတ်သည်။ ကွမ်းရွက်အများကြီးစိုက်ပျိုးရာမြို့နယ်လည်းဖြစ်သည်။ပုဏ္ဏားကျွန်းမြို့နယ် တောတောင်များတွင် ဖျံဥတိကိုထုတ်ယူရရှိပါသည်။
စစ်တွေ- ရန်ကုန် ကားလမ်းမှာ ပုဏ္ဏားကျွန်းမြို့နယ်ကိုဖြတ်၍ ဖောက်လုပ်ထားရှိ၍ မြို့နယ်အတွင်းကျေးရွာကြီးတိနှင့် မြို့နယ်ပြင်ပသို့ကားမြင့်လားရောက်နိုင်ကတ်ပါသည်။ မြို့နယ်အတွင်းကာလမ်းမဟိရေနိန်ရာတိမှာကူးတိုးမော်တော်တိဖြင့်ပြီးဆွဲလျက်ရှိပါသည်။စစ်တွေ -ရန်ကုန် ကာလမ်းတွင် ပုဏ္ဏားကျွန်း စစ်တွေအပိုင်းသည် လူလားလူလာအများဆုံးအပိုင်းဖြစ်သည်။မြို့နယ်လူတိမှာ ဆန်စပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြီ စိုက်ပျိုးခြင်းနှင့် ရီလုပ်ငန်းတိကိုလုပ်ကိုင်ကတ်ပါသည်။
ပုဏ္ဏားကျွန်းမြို့….
ပုဏ္ဏားကျွန်းမြို့သည် ကုလားတန် မြစ်၏လက်ယာဖက်ကမ်းတွင်ရှိသည်။ကုလားတန်မြစ်မှ အနောက်ဖက်သို့ ကင်းချောင်းအတွင်း(၂)မိုင်ခန့်ဝင်ရသည်။ ပုဏ္ဏားကျွန်းမြို့၏တောင်ဖက်တွင် ထင်းရှားသော သမိုင်းဝင် ဦးရာဇ်တော်ဓါတ်စေတီတော်မြတ်ရှိပါသည်။ ပုဏ္ဏားကျွန်းမြို့ကို ရပ်ကွက် (၄)ကွက် ဖြင့်ဖွဲ့စည်းထားပြီး လူဦးရီ စုစုပေါင်း (၁၉၁၄၄) ယောက်နိန်ထိုင်လျက်ရှိပါသည်။ စစ်တွေမြို့မှ ၇ီကြောင်း(၁၆)မိုင် ကွာဝီးပါသည်။ ဦးရာဇ်တောင်စေတီနှင့် ပုဏ္ဏားကျွန်းမြို့တို့အား ကြိုးတန်းထားဖြင့် ဆက်သွယ်ထားရှိပါသည်။ မြို့တွင် လားရေးလာရေးအတွက် ဆိုက်ကားတိရှိပါသည်။ မြို့တွင်မှာ တယ်လီဖုန်းရှိပြီး အ၀ီးနိန်ရာတိကိုလည်းဆက်သွယ်ပြောကြားနိုင်ပါသည်။ပုဏ္ဏားကျွန်းမြို့သည် စစ်တွေ-ရန်ကုန် ကာလမ်းမထက်မှာရှိပြီး ယင်းကားလမ်းကြောင်းဖြင့်စစ်တွေအပါအ၀င် မြို့နယ်အသီးအသီး သို့ကားဖြင့်လားရောက်နိုင်ပါသည်။ စစ်တွေ -ကျောက်တော်၊ စစ်တွေ- မြောက်ဦး၊ စစ်တွေ-မင်းပြား ပြီးဆွဲလျက်ရှိပြီး ပြည်တွင်းရီကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောတိသည် ပုဏ္ဏားကျွန်းသို့ အလားအလာဆိုက်ရောက်ကပ်ကတ်ပါသည်။ မြို့နယ်အနောက်ဖက်ခြမ်း ကျေးရွာတိက ပုဏ္ဏားကျွန်းမြို့သို့ရီကြောင်းဖြင့်ဆက်သွယ်လားလာကတ်ပါသည်။ကုလားတန်မြစ်အရှိဖက်ခြမ်းရှိ မြောက်ဦးမြို့နယ် ၊ ပေါက်တောမြို့နယ် ကျေးရွာတိကလည်း ပုဏ္ဏားကျွန်းသို့ ကူးတို့ စက်လှေတိ ပြီးဆွဲလျက်ရှိပါသည်။ ပုဏ္ဏားကျွန်းမြို့ နိန်ရာတွင် အယင်က ပုဏ္ဏားလူမျိုးတိ ရွာတည်၍အစဉ်အဆက်နိန်ထိုင်ခကတ်ကြောင်းသိရပါသည်။ ပုဏ္ဏားကျွန်း နိန်ရာ၌ ရှိ ဘုရင်းတိ အုပ်ချုပ်ရေအခါက စခန်းတပ်တိနှင့် ဦးရာဇ်တောင်မြို့သည် စည်ကားသိုက်မြိုက်ခကြောင်းသိရပါသည်။ ပုဏ္ဏားကျွန်းမြို့မ ဧစေတီမှာ ပုဏ္ဏားအကြီးအမှူးက ဦးဆောင်၍ တည်ထားခကြောင်းသိရှိရပါသည်။ ပုဏ္ဏားတိတည်ထောင်နိန်ထိုင်ခသည်ကိုအစွဲပြု၍ ပုဏ္ဏားကျွန်းမြို့ဟုခေါ်တွင်ခခြင်းဖြစ်ပါသည်။
ဝန်ခံချက်။   ဒေနိန့်ရခိုင်ပြည် လူမှု စီးပွါးရေးပထ၀ီ - မောင်ကောက်စံ (ပြည်ရခိုင်) စာအုပ်မှ မြန်မာမမူကို ရခိုင်သို့ အတတ်နိုင်ဆုံး ပြန်ရွီးထားခြင်းဖြစ်ပါကြောင်း ၀န်ခံလိုက်ရပါသည်။

1 comment:

  1. ငါအခါတိုင်းကော်ဖီခွက်နှင့်အတူနေ့စဉ်နေ့တိုင်းဒီအဝက်ဘ်ဆိုဒ်စာမျက်နှာပို့စ်များကိုဖတ်ရှုဖို့, ငါ့နာရီဝက်သုံးစွဲခဲ့သည်။




    elastomer bearing pads

    ReplyDelete

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။