Friday, September 17, 2010

အချိန်တန်ဗျာလ်

ငါ့အမျိုးနွယ် ငါ့ပတ်ဝန်းကျင်
ငါ့မိတ်ဆွေခေါ် ရခိုင်ကျော်ရို့
မျိုးရက္ခဆို ထိုနာမည်ကို
သူ ,ငါ ကြားရ စိတ်ချမ်းမြ၏။

မျိုးခြားသောသူ မျိုးထိုထိုကို
သူ,ငါ ကြားရ မြင်တွိရတိုင်း
မဆက်ဆံချင် စိတ် ငြိုငြင်၏ ။


အကြောင်းမှာမူ …..
ငါရို့သည်သာ ကြီးမြတ်ပါသော
ရက္ခနွယ်ဖွား ဇာနည်များဟု
မာနကန့်လန်လာ လွှမ်းခြုံထားကာ
မျက်နှာမူရာ ဟန်မူရာတိုင်း
မာနတံခွန် လွှင့်ထူထား၏။



မျိုးချစ်အမှန် ငါရို့ဝန်သည်
အယုတ်တမာ အုပ်ချုပ်ရာမှ
ရုံးထွက်ဖို့ရန် ကြိုးပမ်းမည်တည်း။


နှစ်အလီလီ အနှိမ်ခံရ
ရခိုင့်ဘ၀ကို ရင်မှာမရှုမလှ
ဖြစ်ရပ်တိများစွာတိုင် သူသူငါအံကြိုက်
ခံစားသူငါအပြိုင် အားအင်တိကုန်ခမ်း
အားကိုးရာ ရှာကေလည်း
ဖေသာမယှိလို့ ရုံးမထွက်နိုင်
အဖြစ်ကဆိုးလှပါဘိ အားကိုးစရာဗလာနတ္ထိ။


အယုတ်တမာ မိစ္ထာကမ္ထာက
လွတ်မြောက်ဖို့ရန် ဇွဲအားမာန်နန့်
ရုံးထွက်ဖို့ရန် စိတ်အားသန်နန့်
အခဲ့ကြလော့ အားစိုက်ကြလော့။
အေပိုင်အကြောင်း ရာဇ၀င်ဟောင်းကို
သူလည်းကြားပနာ ငါလည်းမြင်ရ
အားငယ်ရ၏ ။


အေအကြောင်းအရာတိကို စဉ်းစားယင်း
အတွေးအာရုံနန့် နှလုံးဘ၀င်ထဲမှာ
လှုပ်ခက်မိလိုက်စွာက အယင်ကမကြားဖူးသိရေ
ဝေါဟာရတစ်ခု ထွက်ပေါ်ပါလတ်တေ
“ငြိမ်းချမ်းရေ’’ လတ်………….
ငြိမ်းချမ်းရေးဆိုရေ ဝေါဟာရတစ်ခုကို
သတိရလိုက်တေအခါ အင်အားတိတိုးတက်လာရေ
ဆိပ်ငြိမ်စွာနိန်ဖို့အစား ရုန်းကန်လှုပ်ရှား
ကြိတ်မှိုက်ပနာ ခံစားနိန်ဖို့အစား
အေနိန့်မှပင် ‘’ ကြိုးစား’’ အေနိန့်မှာပင် ‘’ နိုးကြား’’……………………
ခိုင်ကြီး (၀ရာဇ်မြီ)

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။