Thursday, September 16, 2010

ဟိုဆေးမော်ရင်ဟို (သို့မဟုတ်) စပါယ်ရှယ်ဝမ်းအကြောင်း တစိတစောင်း - အပိုင်း (၃)

NEJ / ၀၉ စက်တင်ဘာ ၂၀၁၀

စပိန်နိုင်ငံ ဘာစီလိုနာကလပ်မှာ ဒတ်ခ်ျနည်းပြ လူးဝစ္စဗန်ဟားလ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နိန်ရေမော်ရင်ဟိုအတွက်၂၀၀၀ပြည့်နှစ်စက်တင်ဘာလမှာ ထိပ်တန်းအဆင့်နည်းပြအဖြစ်
ဆောင်ရွက်နိုင်ဖို့အတွက်အခွင့်အရေးပေါ်ပေါက်လာလေသည်။ ပေါ်တူဂီလိဂ်ဘောလုံးပြိုင်ပွဲ စတင်လို့ လေးပတ်အကြာမှာ နည်းပြ ဂျပ်(ပ်)ဟေးနက်စ်၏ နိန်ရာကို အစားထိုးတာဝန်ယူနိုင်ဖို့အတွက် လစ္စဘွန်းမြို့အခြီစိုက်ဘင်ဖီကာကလပ်အသင်းကမော်ရင်ဟိုကို ကမ်းလှမ်းလိုက်သည်။

ကမ်းလှမ်းလိုက်သည်နန့်တပြိုင်နက်တည်းမှာပင်ဘင်ဖီကာကလပ်အသင်း တာဝန်ရှိပုဂ္ဂိုလ်တိက
ဂျီဆွယ်လ်ဒိုဖာရဲရားကိုလက်ထောက်နည်းပြသစ်အဖြစ်ခန့်အပ်ခချင်ကေလည်းသွင့်မော်ရင်ဟိုကငြင်းပယ်လိုက်ပနာဖာရဲရားနိန်ရာအတွက်အစားထိုးဖို့ကို ဘင်ဖီကာအသင်းက အနားယူလခရေ
နောက်ခံလူဟောင်းအနားယူသွားသည့်ဘင်ဖီကာနောက်ခံလူဟောင်း ကားလို့စ်မိုဇာကိုသူ၏လက်ထောက်နည်းပြညာလက်ရုံးအဖြစ်ခေါ်ယူခဲ့သည်။
အစပထမတွင် ဘင်ဖီကာအသင်းသို့လက်ထောက်နည်းပြအဖြစ်လုပ်ရန်တိုက်တွန်းပီးရေ ဗန်ဟားလ် နန့်စကားပြောဖြစ်ခပုံကိုမော်ရင်ဟိုကအဂုအောက်မှာဖော်ပြထားရေစကားအတိုင်းပြန်ပြောလိုက်ပါသည်။ “သူက ပြောရေ ။ မင်းလားမလုပ်ပါကေ့ ။ ယင်းသူရို့ ပထမအသင်းနည်းပြအဖြစ်နန့် လိုချင်ကေ မင်းလားလီ ။လက်ထောက်နည်းပြအဖြစ်ကိုရာသူရို့လိုချင်ကေမင်းဒေမှာရာဆက်နီမေလို့ ဘင်ဖီကာက ပုဂ္ဂိုလ် တိကပြောရေ “ လို့ ဗန်ဟားလ်က အကြံပြုခဲ့ပုံကို မော်ရင်ဟိုက ပြန်ပြောင်းပြောပြခဲ့သည်။
မော်ရင်ဟိုသည် ISEF နည်းပညာတက္ကသိုလ်မှာ သူ၏ ဆရာအဖြစ်နှင့် ပထမအကြိမ် တွိ့ဖူးခရေ ဖာရဲရားကို ကကောင်း ဝေဖန်ပြောဆိုလိုက်တေနောက်ပိုင်းမှာ “ဒေချင့်ကတော့ခါ အနှစ် (၃၀) အလုပ်လုပ်ဖူးခရေမြည်းတကောင်၏ပုံပြင်ရာဖြစ်နိုင်ပါရေ။ မြင်းတကောင်တော့ လုံးဝဖြစ်နိုင်ဖို့မထင်ပါ” လို့ပင် ပြောဆိုလိုက်ပနာ ၀ါရင့်နည်းပြတစ်ယောက်အား ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့လေသည်။


ဘင်ဖီကာမှာနည်းပြအဖြစ်လုပ်ကိုင်ဆောင်ရွက်နိန်ရေ အချိန်အနည်းငယ်အတွင်းမှာပင် မော်ရင်ဟို၏ ဆရာဟောင်း ဆာဘော်ဘီရော့်ဘ်ဆင်က နယူးကာဆယ်အသင်းမှာ လက်ထောက်နည်းပြရာထူးကို ထမ်းဆောင်ရန် သူ့ကို ကမ်းလှမ်းခဲ့သည်။ ရော့ဘ်ဆင်သည် မော်ရင်ဟိုကို သူနှင့် လက်တွဲဖို့အတွက် အသည်းအသန် အလိုရှိခဲ့ပြီး (၂) နှစ်အကြာမှာ နည်းပြအဖြစ်မှ နုတ်ထွက်ပနာ မော်ရင်ဟိုကို လွှဲပြောင်းပီးမည်ဆိုရေ အကြာင်းကိုလည်း ကမ်းလှမ်းမှုတွင် ထည့်သွင်းပြောဆိုခဲ့သည်။ မော်ရင်ဟိုက ကမ်းလှမ်းမှုကို ပယ်ချလိုက်ပနာ ရော့်ဘ်ဆင်အနိန်နန့် သူချစ်သော ကလပ်အသင်း၏ နည်းပြရာထူးအား ဇာခါမှစွန့်လွှတ်ပီးဖို့လူမဟုတ်ကြောင်းကို သူသိရှိကြောင်း ပြောဆိုခဲ့သည်။
ဒီဇင်ဘာလမှာ ဘင်ဖီကာနှင့် ပြိုင်ဆိုင်မှုပြင်းထန်သည့် စပို့တင်းကလပ်ကို (၃) ဂိုး - ဂိုးမရှိဖြင့် အနိုင်ယူပြပြီး မိုဇာကို လက်ထောက်နည်းပြအဖြစ်နှင့် တွဲဖက်ခဲ့မှု မှန်ကန်ကြောင်း မော်ရင်ဟိုက သက်သီပြခဲ့သည်။ သို့သော် ဘင်ဖီကာ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ အဇီဗီဒို ရှုံးနိမ့်ကာ ဘင်ဖီကာ ကစားသမားဟောင်း တိုနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုသည့် မန်နျူရယ်လ် ဗီလာရင်ဟို ဥက္ကဋ္ဌသစ်ဖြစ်လာပြီးနောက် မော်ရင်ဟို၏ နည်းပြကုလားထိုင် လှုပ်လာခဲ့သည်။ ဗီလာရင်ဟိုက သူ့ကို ချက်ချင်းထုတ်ပယ်ရန် ရည်ရွယ်ချက်မရှိသော်လည်း မော်ရင်ဟိုက ဥက္ကဋ္ဌသစ်၏ သစ္စာစောင့်သိမှုကို စမ်းသပ်ရန် စပို့တင်းကလပ်အပေါ် အနိုင်ရရှိခဲ့သည့် အောင်ပွဲကို အသုံးချပြီး စာချုပ်သက်တမ်းတိုးရန် တောင်းဆိုခဲ့လေသည်။
မော်ရင်ဟို၏ တောင်းဆိုမှုကို ဗီလာရင်ဟိုက ငြင်းပယ်လိုက်ပနာ မော်ရင်ဟိုက သူ၏ ရာထူးမှ ချက်ချင်းနုတ်ထွက်ခဲ့သည်။ ပေါ်တူဂီလိဂ်ပွဲ (၉) ပွဲကိုသာ နည်းပြအဖြစ် ကိုင်တွယ်ပြီးနောက် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဘင်ဖီကာကို စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ဗီလာရင်ဟိုက သူ၏ ညံ့ဖျင်းသော ဆုံးဖြတ်ချက်အတွက်နောင်တရမိကြောင်းနှင့်မော်ရင်ဟိုကိုဆုံးရှုံးခဲ့ရသည့်အတွက် စိတ်ပျက်မိကြောင်း
နောက်ပိုင်းတွင်ပြောဆိုခဲ့သည်။
မော်ရင်ဟိုသည် နည်းပြသစ်အလုပ်ကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် ယူနီယာအိုဒီလေးရီရာကလပ်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။ မော်ရင်ဟိုသည် လေးရီရာကလပ်အသင်း မှာ အသိအမှတ်ပြုလောက်စရာ အောင်မြင်မှုမျိုး မရှိခကေလည်း ပေါ်တူဂီ ကလပ်အသင်းကြီးများ၏စိတ်ဝင်စားမှုကိုသူရရှိခဲ့သည်။
၂၀၀၂ ခုနှစ် ဇန်န၀ါရီလမှာ အက်ဖ်စီပေါ်တိုအသင်းက နည်းပြ အော့တာဗီယိုမာချာဒို၏ နေရာကို အစားထိုးရန် မော်ရင်ဟိုကို ရွေးချယ်ခန့်အပ်ခဲ့သည်။ ယင်းနှစ် ဘောလုံးရာသီအကုန်မှာ ပေါ်တူဂီလိဂ်ပြိုင်ပွဲ၌ ပေါ်တိုအသင်းကို တတိယနေရာ ရရှိခပနာ လာမည့်နှစ်တွင် ပေါ်တိုအသင်းကို ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပီးနိုင်မည်မည်ဖြစ်ကြောင်း မော်ရင်ဟိုက ကတိပီးလိုက်ပါသည်။

မော်ရင်ဟိုသည် ပေါ်တိုအသင်းကို ပြီးပြည့်စုံသော အသင်းတသင်းဖြစ်စေရန် အဓိက ကျောရိုးပြုနိုင်မည်ဟု သူ ယုံကြည်သည့် ဗစ်တာဘိုင်ယာ၊ ရီကာဒို ကာဗယ်လ်ဟို၊ ကော့စတင်ညာ၊ ဒေကို၊ ဒီမီထရီ အလီနီချက်ဗ်နှင့် ပေါ့စ်တီဂါ ကဲ့သို့သော ကီးပလေယာ အများအပြားကို အလျင်အမြန် ရွေးထုတ်ခဲ့သည်။ ချာလ်တန်အသင်းသို့ အငှားသွားကစားနိန်ရေ အသင်းခေါင်းဆောင် ဂျော့ခ်ျကော်စတာကိုလည်း (၆) လ အငှားပြည့်ပြီးနောက် အသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်။ ထို့အပြင် ယူနီယာအိုဒီလေးရီရာမှ နူနိုဗလန်တေး၊ ဒါလေး၊ ဗစ်တိုးရီးယားဒီဆီတူဘယ်လ်မှ ပေါ်လိုဖာရဲရား၊ ဘိုအာဗစ္စတာမှ ပီဒရိုအီမန်နျူရယ်လ်၊ ဘင်ဖီကာနှင့် စာချုပ်သက်တမ်းကုန်သွားသည့် အက်ဒ်ဂါရက်စ်ယန်းကော့ကပ်စ်၊မန်နစ်ခ်ျတို့ကိုအသစ်ခေါ်ယူစာချုပ်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် မော်ရင်ဟိုသည် ဘင်ဖီကာအသင်းကို (၁၁) မှတ်ဖြတ်ပြီး (၂၇) ပွဲနိုင်၊ (၅) ပွဲသရေ၊ (၂) ပွဲရှုံး စံချိန်ဖြင့် သူ၏ ပထမဆုံး ပေါ်တူဂီလီဂါဆုဖလားကို သိမ်းပိုက်ခဲ့သည်။ အများဆုံး ရနိုင်သည့် (၁၀၂) မှတ်တွင် စုစုပေါင်း (၈၆) မှတ်ဖြင့် ဗိုလ်စွဲနိုင်ခဲ့ခြင်းသည် အနိုင် (၃) မှတ်၊ သရေ (၁) မှတ်ဟူသည့်စည်းမျဉ်းကိုစတင်ကျင့်သုံးချိန်မှစ၍ပေါ်တူဂီလိဂ်ဘောလုံးပြိုင်ပွဲတွင်စံချိန်တခုဖြစ်ခဲ့သည်။
ထို့အပြင် မော်ရင်ဟိုသည် ၂၀၀၃ ခုနှစ် မေလတွင် သူ၏ ကလပ်ဟောင်း လေးရီရာကို အနိုင်ယူကာ ပေါ်တူဂီဖလားရယူသကဲ့သို့ဆဲလ်တစ်အသင်းကိုအနိုင်ယူကာယူအီးအက်ဖ်အေဆုဖလားကြီးကိုရယူခဲ့လေသည်။
နောက်ရာသီတွင် မော်ရင်ဟိုသည် ပေါ်တူဂီစူပါဖလားပြိုင်ပွဲ၌ ကလပ်ဟောင်း လေးရီရာကို (၁) ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူခဲ့သော်လည်း ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင်မူ ယူကရိန်းတိုက်စစ်မှူး အင်ဒရေ ရှက်ဗ်ရှင်ကို၏ အသည်းခွဲမှုကြောင့် အေစီမီလန်အသင်းကို (၁) ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ဆုဖလား လက်လွတ်ခဲ့ရသည်။ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီ ပေါ်တူဂီလီဂါဖလားကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပြီး အိမ်ကွင်း ရှုံးပွဲမရှိစံချိန်နှင့် အဆုံးသတ်နိုင်ခဲ့သည်။ ပေါ်တူဂီလီဂါဆုဖလားကို ဘောလုံးရာသီမကုန်မီ (၅) ပတ်အလိုတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၄ ခုနှစ် မေလတွင် ယှဉ်ပြိုင်ကစားသည့် ပေါ်တူဂီဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တိုအသင်းသည် ဘင်ဖီကာအသင်းကို ရှုံးနိမ့်ကာ ဆုဖလား လက်လွတ်ခဲ့ရသော်လည်း နောက်နှစ်ပတ်အကြာတွင်မူ မော်ရင်ဟိုသည် ဧရာမဆုဖလားကြီးတခုကို ဆွတ်ခူးနိုင်ခဲ့လေသည်။ ဂျာမဏီနိုင်ငံတွင် ယှဉ်ပြိုင်ကစားသည့် နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တိုအသင်းက အေအက်စ်မိုနာကိုအသင်းကို (၃) ဂိုး - ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ယူပြီး ယူအီအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလားကြီးကို ရရှိခဲ့ခြင်းဖြစ်သည်။ အုပ်စုအဆင့်တွင် ရီးရဲလ်မက်ဒရစ်ကို တပွဲရှုံးနိမ့်ခဲ့သည်မှအပ ရှုံးထွက်အဆင့်တွင် မန်ချက်စတာယူနိုက်တက်၊ ကွာတားဖိုင်နယ်တွင် အိုလံပစ်လိုင်ယွန်၊ ဆီမီးဖိုင်နယ်တွင် ဒီပို့တီဗိုတို့ကို ဖယ်ရှားကာ ချန်ပီယံလိဂ်ဆုဖလားကြီးကို မော်ရင်ဟိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော မော်ရင်ဟို၏ ဥရောပနှင့် ပြည်တွင်းပြိုင်ပွဲ အောင်မြင်မှုများကြောင့် လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ ချယ်ဆီး အပါအ၀င် ဥရောပ ထိပ်တန်းကလပ် အများအပြားက သူ့ကို သူ့ထက်ငါယင် အဆက်အသွယ် ပြုလုပ်ခဲ့ကြတော့သည်။
ဆက်လက်ဖတ်ရှုကြပါရန်
http://www.khitpyaing.org/index.php?route=detail&id=4381

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။