NEJ / ၂၅ သြဂုတ် ၂၀၁၀
နာမည်အပြည့်အစုံ ‘ဟိုဆေး မာရီယို ဒေါ့စ် ဆန်းတော့စ် ဖိလစ် မော်ရင်ဟို’ ဟု ခေါ်တွင်သော မော်ရင်ဟိုသည် ပေါ်တူဂီနိုင်ငံ၊ စီဘူတယ်လ်မြို့ရှိ လူလတ်တန်းစား မိသားစုကြီးက မွီးဖွားလာသူဖြစ်သည်။ မော်ရင်ဟို၏ ဖခင်သည် Os Belenenses နာင့် Vitória de Setúbal ကလပ်အသင်းများမှာကြီးစားဘောလုံးသမားအဖြစ်ကစားခဖူးပနာသူ၏ ကစားသမား ဘ၀သက်တမ်း မှာပေါ်တူဂီလက်ရွီးစင်အသင်းနာင့်တတူနိုင်ငံတကာပွဲတပွဲကစားခွင့်ရဖူးခရေ။မော်ရင်ဟို၏မိခင်သည်လူကုံထံအသိုင်းအ၀ိုင်းမှမွီးဖွားကြီးပြင်းလာသည့်မူလတန်းပြကျောင်းဆရာမတစ်ယောက်ဖြစ်ပါရေ။
သူမ၏ ၀ရီးသည် Vitória de Setúbal ဘောလုံးကွင်း တည်ဆောက်ဖို့ အတွက် ရန်ပုံငွေ မတည်ပီးခဖူးသူဖြစ်သည်။ မော်ရင်ဟိုသည် အငယ့်စိချေကပင် အနိုင်ရချင်ရေစိတ်ပြင်းပြရေ လူတစ်ယောက်အဖြစ်နန့် လူသိများခဖူးခရေ လူတစ်ယောက်ဖြစ်ပါရေ ။ သူ့အမိက သူ၏သားကို အားရပါးရ ကြိုးစား အားထုတ်မှုပနာ အောင်မြင်မှုတိရယှိစီဖို့ အမြဲတမ်း အားပီး ကူညီပီးခသည်။
ဘောလုံးစွာ သူ့ဘ၀၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဖူးပနာ သူ၏အဖက ကစားသမားဘ၀မှ နည်းပြအဖြစ်သို့ ကူးပြောင်းလခပြီးရေနောက်ပိုင်းမှာ မော်ရင်ဟိုသည် ဘောလုံးသမားများ၏ လေ့ကျင့်ခန်းဆင်းချိန်တိ စောင့်ကြည့်ခွင့်ရခဖူးပါသည်။ ပြိုင်ဘက်အသင်းများအကြောင်းကို စုံစမ်းထောက်လှမ်းပုံတိကိုလေ့လာဆည်းပူးခွင့်ရခပါသည်။ဘောလုံးသမားတစ်ယောက် ဖြစ်လာပြီးနောက်တွင်မူ မော်ရင်ဟိုသည် ဖခင်ခြေရာကို နင်းချင်လာသည်။ လူငယ်အသင်းတွင် အဆင်မြင့်လေ့ကျင့်မှုများ ပြလုပ်ပြီးခရေနောက်ပိုင်း (သူ၏အဖ နည်းပြလုပ်ဖူးခရေ ) Rio Ave, Belenenses, Sesimbra ကလပ်အသင်းများမှာ ကစားခဖူးသည်။
ယေဒါလည်း
ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပိုင် အောင်မြင်ရရှိနိုင်ရယှိနိုင်မဟုတ်ဆိုစွာကို
သူကိုယ်ကြိုတင်သိရေအတွက်နန့် ပရော်ဖက်ရှင်နယ် ဘောလုံးနည်းပြတစ်ယောက်ဖြစ်နိုင်လောက်ရေ လမ်းကို ရွီးချယ်လိုက်ပါသည်။ မော်ရင်ဟိုသည် သူ့ အမိ စာရင်းပီးစီစိုင်ထားရေ စီးပွားရေးကျောင်းသို့ တက်ရောက်ခဖူးကေလည်းဦးစဆုံးနိန့်မှာပင်လျင်ကျောင်းကနှုတ်ထွက်လိုက်ပါသည်။ အားကစားလောကကို ပိုလို့ အာရုံစူးစိုက်မှု အားကြီးလာအောင် ဆုံးဖြတ်ထားရေ မော်ရင်ဟိုသည် အားကစားသိပ္ပံပညာကိုလေ့လာဆည်းပူးရန်အတွက်လစ္စဘွန်းနည်းပညာတက္ကသိုလ်သို့တက်ရောက်ဖို့်ရွေးချယ်လိုက်သည်။
သူသည် ကျောင်းမှာ ကာယပညာကို သင်ကြား လေ့လာပြီးနောက်ပိုင်း (၅) နှစ်အကြာမှာ သင်တန်းကာလတလျှောက် အကောင်းဆုံး ရမှတ်တိနန် ဒီပလိုမာဘွဲ့ကို ဆွတ်ခူးနိုင်ခဖူးပါသည်။
ယင်းနောက်ပိုင်းမှာ အင်္ဂလိပ်နာင့် စကော့တလန်ဘောလုံးအဖွဲ့ချုပ် ကြီးမှူးဖွင့်လိုက်တေ နည်းပြသင်တန်းကို တက်ရောက်ခပနာ စကော့တလန် နည်းပြဟောင်း အင်ဒီရော့ခ်ဘာ့ဂ်ျက ပေါ်တူဂီလူငယ်၏ ကြိုးစားမှုနာင့် အသေးစိတ် အာရုံစူးစိုက်မှုကို အသိအမှတ်ပြုလိုက်ပါရေ။
မော်ရင်ဟိုသည် နည်းပြသီအိုရီများကို စိတ်ဓာတ်မြှင့်တင်ရေး နည်းနာများ၊ စိတ်ပိုင်းဆိုင်ရာ နည်းဗျူးဟာများနာင့် ရောမွှီပနာ နည်းပြ၏ အခန်းကဏ္ဍကို အဓိပ္ပာယ်သစ်ဖွင့်ဆိုဖို့ အစွမ်းကုန် ကြိုးပမ်းခဖူးပါသည်။
ကျောင်းနည်းပြအဖြစ်က အလုပ်ထွက်ပြီးနောက်ပိုင်း မော်ရင်ဟိုသည် သူ၏ ဇာတိမြို့တွင် ပရော်ဖက်ရှင်နယ် နည်းပြလုပ်ခွင့်ရမည့် လမ်းကြောင်းတိကို ရှာဖွီခပါသည်။ ၁၉၉၀ ပြည့်လွန် အစပိုင်းနှစ်များမှာ ဗစ်တိုးရီးယားဒီစီတူဘယ်လ်အသင်းမှာ လူငယ်အသင်းနည်းပြ ဖြစ်လာသည်။ ယင်းနောက်ပိုင်းတဆင့်မြှင့်သည့်အနိန်နန့်အက်စ်ထရီလာဒါအမာဒိုရာအသင်း၏လက်ထောက်နည်းပြရာထူးကိုလက်ခံခဖူးပါသည်။မော်ရင်ဟိုသည်ပို၍ကြီးမားသောစိန်ခေါ်မှုတိကိုရင်ဆိုင်လာရရေအတွက်နန့်၁၉၉၂ ခုနှစ်မှာ ထိပ်တန်းနိုင်ငံခြားသားနည်းပြတဦးအတွက် စကားပြန်အဖြစ် ဆောင်ရွက်ရေးတစ်ခု
ပေါ်ပေါက်လာခဖူးပါသည်။
ဆာဘော်ဘီရော့ဘ်ဆင် စပို့တင်းလစ္စဘွန်းကလပ် နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ရော့ဘ်ဆင်က စကားပြန်အဖြစ် ဆောင်ရွက်မည့် အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူ ဒေသခံနည်းပြတဦးကို အလိုယှိလို့ စကားပြန်ဖို့ သူ့ကို ရွီးချယ်လိုက်ပါသည်။ မော်ရင်ဟို၏ ပြောင်းရွှိ့မှုသည် ဦးစဆုံးမှာ နည်းပြအလုပ်နာင့်ဝီးကွာနိန်ခဖူးပါသည်။
ယေဒါလည်း
စကားပြန်တစ်ယောက်အဖြစ် ဆောင်ရွက်ပီးယင်း မော်ရင်ဟိုသည် ဆာဘော်ဘီရော့ဘ်ဆင်၏ လေးစားမှုနာင့် ခင်မင်ရင်းနှီးမှုကို ရယှိခပါသည်။ မော်ရင်ဟို၏ ဘာသာပြန်ဆိုပီးစွာတိကို ရော့ဘ်ဆင်က လက်ခံကြိုဆိုပနာ နည်းဗျူဟာတိနန့် နည်းပြအလုပ်ဆိုင်ရာတိကို ဆွေးနွေးယင်း သူရို့အချင်းချင်းပိုလို့ခင်မင်ရင်းနှီးနီးနီးကပ်ကပ်ယှိလာခဖူးပါသည်။
ရော့ဘ်ဆင်ကို စပို့တင်းနည်းပြအဖြစ်က ထုတ်ပယ်လိုက်ပြီးနောက်မှာ ပြိုင်ဘက် ပေါ်တိုအသင်းက နည်းပြ အဖြစ် ခန့်အပ်လိုက်ရေ အခါမှာလည်း မော်ရင်ဟိုက ရော့ဘ်ဆင်နာင့် ဆက်လက်ပနာ လက်တွဲ လုပ်ကိုင်ဖူးခပါသည်။ ပေါ်တိုမှာ နှစ်နှစ်ကြာ နည်းပြပြီးနောက် ၁၉၉၆ ခုနှစ်မှာ ဘာစီလိုနာ သို့ နှစ်ယောက်တတူ ထပ်မံပြောင်းရွှိ့လာပြန်လိုက်ပါသည်။ သူ၏ ဘာသာစကားကျွမ်းကျင်မှုနာင့် ကြိုးစားမှုကို ပြသယင်း မော်ရင်ဟိုသည် ဘာစီလိုနာမှာ နည်းပြပညာကိုဆက်လက်လေ့လာသင်ယူ
ဖူးခပါသည်။
မော်ရင်ဟိုနန့် သူ ရို့ မိသားစုသည် ဘာစီလိုနာသို့ ပြောင်းရွှိ့ နိန်ထိုင်ပနာ သတင်းစာရှင်းလင်းပွဲတိမှာ ဘာသာပြန်လုပပီးမှု၊ လေ့ကျင့်ခန်းလုပ်ချိန်တိကို စီစဉ်ရမှု၊ ကစားသမားတိကို နည်းဗျူဟာဆိုင်ရာ အကြံပီးခြင်းတိနန့် ကူညီမှု၊ ပြိုင်ဘက်အသင်းများအကြောင်း ခွဲခြမ်းစိတ်ဖြာပြတတ်မှုတိ ကြောင့် သူသည် ဘာစီလိုနာအသင်း ၀န်ထမ်းများထဲမှာ ထင်ရှားသူတစ်ဦး ဖြစ်လာ ပါသည်။
ရော့ဘ်ဆင်နာင့် မော်ရင်ဟိုတို့၏ နည်းပြပုံများသည် တစ်ယောက်နန့်တစ်ယောက် အတွဲအဖက်ညီပနာ အပြည့်အစုံ ဖြစ်အောင်လုပ်ဖြစ်ခပါရေ ။ ရော့ဘ်ဆင်က တိုက်စစ်ဦးစားပီး ကစားပုံကို ဦးစားပေးဗျာလ် မော်ရင်ဟိုက ခံစစ်ရွေးချယ်မတိကို ထောင့်ချေဂျောင်ချေကပင်မကန်
စိ့နိန်အောင် လုပ်ဆောင်တတ်သည်။ အစီအစဉ်ရီးဆွဲခြင်း၊ လေ့ကျင့်သင်ကြားပေးရခြင်းတိကို နှစ်သက်ရေ မော်ရင်ဟိုနာင့် ကစားသမားကို တိုက်ရိုက်ညွှန်ကြားမှုပေးတတ်ရေ ရော့ဘ်ဆင်ရို့ အတွဲအဖက်မိမိနန့် လက်တွဲခပါသည်။ သူရို့နှစ်ယောက်၏ အဆက်အစပ်မိရေအတွက်နန့် ဘာစီလိုနာ
အသင်း အောင်မြင်ရရှိခပြီး European Cup Winners' Cup ဆုဖလားကို ရယူနိုင်ခဖူးပါသည်။
နောက်ဘောလုံးရာသီမှာ ရော့ဘ်ဆင် ကလပ်အသင်း ပြောင်းရွှိ့ လားခကေလည်းဘာစီလိုနာ
အသင်းကလက်ထောက်နည်းပြအဖြစ် သူ့ကို ဆက်လက်ပနာ နိန်စီချင်ရေအတွက်နန့် အဂုတစ်ကြိမ် တော့ခါ ရော့ဘ်ဆင်နောက်သို့ မော်ရင်ဟို မလိုက်ပါလိုက်ဗျာလ်။ ရော့ဘ်ဆင်က ကလပ်အသင်း ပြောင်းရွှိ့ခကေလည်း နှစ်ယောက်ချင်း မိတ်ဆွေကောင်းများအဖြစ်နန့် ဆက်ဆံရေးမပျက်ရှိစီးပဲ မော်ရင်ဟိုက ရော့ဘ်ဆင်၏ နေရာကို ဆက်ခံသူ လူးဝစ္စဗန်ဟားလ်နာင့် အလုပ်ဆက်လုပ်ဖူးခပါသည်။
မော်ရင်ဟိုသည် ဇွဲကြီးကြီးနန့် အလုပ်လုပ်ရာမှာ သေသေချာချာ စိစိစပ်စပ် ရေ ဟော်လန်သား
နည်းပြကြီးတစ်ယောက်ပါးမှာလည်း အများကြီး ပညာ သင်ယူခွင့်ရ ပြန်ရေ။ လက်ထောက်နည်းပြ နာင့် နည်းပြချုပရို့ ပူးပေါင်းဗျာလ် ကစားပွဲမှာ အပင်ပန်းခံ ချဉ်းကပ်တတ်မှုကြောင့် ဗန်ဟားလ်၏ ပထမ (၂) နှစ်တာ နည်းပြသက်တမ်းအတွင်း လာလီဂါဆုဖလား (၂) ကြိမ် ရရှိဖူးပါသည်။
မော်ရင်ဟိုမှာ ကျွမ်းကျင်ရေ လက်ထောက်နည်းပြတဦးထက်မက ပိုဖြစ်နိုင်ရေ အနာဂတ်ရှိကြောင်း ဗန်ဟားလ်က သိမြင်ခပါရေ။ သူက မော်ရင်ဟိုကို လွတ်လပ်သည့် ကိုယ်ပိုင်ဟန်နန့်နည်းပြခွင့်
ပြုလိုက်ပါသည်။ ဘာစီလိုနာ (ဘီ) အသင်း၏ နည်းပြတာဝန်တိကို သူက ယုံယုံကြည်ကြည်
အပ်နှံခပါသည်။
၂၀၀၀ ပြည့်နှစ်မှာ မော်ရင်ဟို ရရှိခရေ ကိုပါကာတာလန်ယာပိုင် ဆုဖလားအချို့အတွက် ပွဲစဉ်များနာင့် ဗန်ဟားလ်သည် (သူကိုယ်တိုင် မော်ရင်ဟို၏ လက်ထောက်အဖြစ် ဆောင်ရွက်ယင်း ) မော်ရင်ဟိုကို ပထမအသင်းနည်းပြအဖြစ် တာဝန်ယူကြီးကြပ်ခွင့်လိုက်ပါသည် ။
မှတ်ချက်.....
ဒေစာ မူရင်းကတော့ ခါ ခေတ်ပြိုင်သတင်းက မြန်မာမူကို ရခိုင်ပိုင်အတတ်ဆုံးပြန်ရီးထားခြင်းပါ။
အမှားချေတိပါခပါကေ ဦးရာဇ်မြီသားသျှေ၏ အမှားရာဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
http://www.khitpyaing.org/index.php?route=detail&id=3747
No comments:
Post a Comment