နဂိုဟိလျှက် နဂိုင်းထွက်ရရေ
အထစ်အငေါ့ ကံကြမ္မာက
ရင်ဖတ်တခြမ်းနန့် သိမ်းဆီးပနာ
ခရီးပြင်းလျှောက်နီရေ.. ငါ
ခေါက်ရိုးမညီရေ လွတ်လပ်ရေးကြား
ချူချာရေ ရပိုင်ခွင့်နန့် ရပ်တည်ယင်း
ကြေနပ်မှုအပိုင်းအစကို အိတ်ထဲထည့်လို့
အဆိပ်သင့်မိဘ၀သို့ ပြီးလားနီရေ.. ငါ
လက်ထိပ်တန်းလန်းနန့် လွတ်လပ်မှုကြား
မဖြစ်စလောက်အခွင့်အရေးကို ကြေနပ်ဗျာလ်
တင်ပလ္လင်ခြွီ အကြောဆန့်တုန်း
အကန့်အသတ်တိကြားရုန်းအားမသန်ရေ
အဖသမိုင်း ကံကြမ္မာငြင်သံတခု
လွမ်းမျောစရာ ကြားလိုက်ယင့်
ငါ့ခြီလှမ်းတိ တုန့်ဆိုင်းလားအောင်ထိ
ပြည်တံတိုင်းကျိုးသံ သမိုင်းရိုက်သံ
တာဝန်မကျီရေ လမ်းထက်က
ငါဝမ်းနည်းပက်လက်နန့်
မူမမှန်ဖြစ်စိုင် ရင်ဖွင့်ဗျာလ်
အစုတ်အပြဲ စာမျက်နှာကို လက်စွဲလို့
အားလုံး၏မျော်လင့်ချက်ကို ဖန်ဆင်းဖိုပ
ငါ..နောက်မကျသိမ့်………………..
A ရီနွယ်
ရခိုင်အမျိုးသားနိုးကြားရေးစာစောင်
No comments:
Post a Comment