Friday, April 9, 2010

ဈေးနှိမ့် မိုဘိုင်းလ်ဖုန်းများ ရခိုင်တွင် ချပေးသော်လည်း ကန့်သတ်မူများ ရှိနေ

4/2/2010

စံလင်း (နိရဉ္စရာ)
ရခိုင်ပြည်နယ် မြို့နယ် သုံးမြို့နယ်တွင် ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန် ဟု နအဖ စစ်အစိုးရမှ ကျေညာချက် ထုတ်ပြီး ဈေးနှိမ့် လက်ကိုင် မိုဘိုင်းလ်ဖုန်းများကို စတင်ချပေးနေသည်ဟု သိရသည်။

သို့သော်လည်း အာဏာပိုင်များ၏ ကန့်သတ်ချက်ကြောင့် ဖုံးသုံးစွဲသူများ အခက်တွေ့ နေကြရသည်ဟု သိရသည်။

“အခု ဖုံးချပေးတဲ့ မြို့နယ်တွေက တောင်ကုတ်၊ မြေပုံနဲ့ မာန်အောင်တို့ ဖြစ်ကြပါတယ်။ ဈေးက တလုံးကို ကျပ် ငါးသိန်း ဖြစ်ပါတယ်။ ဒါပေမယ့် မြို့နယ် အတွင်းမှာဘဲ သုံးရမယ်။ နယ်ကျော် မသုံးရ ဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကို တွေ့ရပါတယ်” ဟု ဖုံးသုံးစွဲသူ တဦးက ပြောသည်။

စစ်အစိုးရမှ ချပေးသည့် မိုဘိုင်းလ်ဖုန်း တစ်လုံး၏ တန်ဖိုးမှာ ငါးသိန်းဖြစ်ပြီး အထိုင်ဖုန်းအဖြစ် အသုံးပြုခွင့် ရသူများ အနေဖြင့် အပိုဆောင်းငွေ ငါးသောင်းကို ပေးသွင်းရကာ စုစုပေါင်း ငါးသိန်း ငါးသောင်း ကုန်ကျသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မြို့နယ်တချို့တွင် CDMA ခေါ် ကမ်းရိုးတန်းသုံး ဖုန်းများ ချထားပေးခဲ့ပြီး ဖြစ်သော်လည်း ဖုန်းခေါ်ဆို၍ မရခြင်း၊ လိုင်းအား မကောင်းခြင်း၊ ဖုန်းပြောခ ဈေးနှုန်းကြီးခြင်း၊ ဖုန်းပြောလျင်လည်း အိတ်ချိန်းဖုန်းရုံးမှ ကြားဖြတ်အသံဖမ်း နားထောင်ခြင်း စသည့် အခက်ခဲ မျိုးစုံနှင့် ကြုံတွေနေရပြီး ပြည်သူများမှာ လွတ်လပ်စွာ စကားပြောခွင့် မရ၍ အထူးစိတ် ညစ်နေကြရသည် ဟု သတင်း ရရှိသည်။
http://www.narinjara.com/

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။