Saturday, January 2, 2010

ဆုံးရှံးနေသော ရခိုင်ပြည်၏ မူလအခွင့်အရေးကို ပြန်လည်ရရှိရေး ဒိန်းမတ်ရောက် ရခိုင်အမျိုးသားများက တောင်းဆို

ဆုံးရှံးနေသော ရခိုင်ပြည်၏ မူလအခွင့်အရေးကို ပြန်လည်ရရှိရေး ဒိန်းမတ်ရောက် ရခိုင်အမျိုးသားများက တောင်းဆို
1/1/2010
ဒိန်းမတ်နိင်ငံရောက် ရခိုင်အမျိုးသားများက ဆုံးရှုံးနေသော ရခိုင်ပြည်၏ မူလ အခွင့်အရေး ပြန်လည် ရရှိရေးကို တောင်းဆို လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တောင်းဆိုမူကို ဒီဇင်္ဘာလ ၃၁ ရက်နေ့က ဒိန်းမတ်နိုင်ငံ ဘိုဟွန်းကျွန်းရောမြို့တွင် ပြုလုပ်သော ၂၂၅ နှစ်မြောက် ရခိုင့် ဘုရင်နိုင်ငံတော် ကျဆုံးခဲ့ရသည့်နေ့ အခမ်းအနားတွင် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားကို ရခိုင်ဝံသာနုစာပေအသင်းမှ ကြီးမှူး ကျင်းပခဲ့ပြီး အသင်းမှနာယက ဦးခိုင်မျိုးထွန်းမှ ရခိုင်ပြည်၏ လက်ရှိ အခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် အဆိုပါ အချက်နှင့် တခြား တောင်းဆိုချက်(၆)ချက်ကို ရခိုင် လူမျိုးများ ကိုယ်စား နအဖ စစ်အစိုးရအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တခြားတောင်းဆိုချက် (၆) ချက်မှာ ရခိုင်ပြည်၌ စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖေါက်မှု အမျိုးမျိုးအား ရပ်တန့်ရန်၊ ဥပဒေမဲ့ ဖမ်းဆီး ထားသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်း သားများ အားလုံးကို ခြွင်းချက် မရှိအမြန်ဆုံးပြန်လွတ်ပေးရန်၊ ရခိုင်ပြည်မှ အဓမ္မ လုယူထားသော ရခိုင်ယဉ်ကျေးမူ ဆိုင်ရာ အမွေအနှစ် ရုပ်ဝတ္တုပစ္စည်းများကို ပြန်လည် ပေးအပ်ရန်၊ စစ်အစိုးရ၏ မတရား ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်သိမ်းပေးရန်၊ ရခိုင်ပြည်တွင် သဘာဝဓါတ်ငွေ့ ထုတ်လုပ်နေသော ကုမ္မဏီများကို အမြန်ဆုံး ရုပ်သိမ်း ပေးရန်၊ ယ္ခုကြုံတွေ့နေရသော နိုင်ငံရေး အကြပ်အတည်းများ ဖြေရှင်းရန် အတွက်သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ပေးရန် တို့ဖြစ်သည်။

အခမ်းအနားသို့ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ဒိန်းမတ်)မှ ကိုယ်စား လှယ်များ၊ ဒိန်းမတ်နိုင်ငံရှိ( NGO )များမှ ကိုယ်စားလှယ် များနှင့် တခြားတိုင်းရင်းသားများ စုစုပေါင်း အင်အား ၁၀၀ကျော် တက်ရောက် ခဲ့သည်။

အခမ်းအနားတွင် တိုင်းရင်းသား ကိုယ်စားလှယ်များမှ သဝဏ်လွှာများ ဖတ်ကြားပြီး နံနက်ပိုင်းမှ စတင်ခဲ့သော အခမ်းအနားကို ဒိန်မတ် စံတော်ချိန် နေ့လည် ၃နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။
http://www.narinjara.com/detailsbur.asp?id=2236

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။