Friday, November 20, 2009

ရခိုင်မှာ မျက်မှောက်ဖြစ်ပျက် တွိမြင်ချက်

မျက်မှောက်ဖြစ်ပုံ အဖုံဖုံ တွိကြုံနိန်ရ ဂုကာလ။
ရဟန်းသာမဏေ တွိကြုံနိန် မရိုသေကြ ဂုကာလ။
မိဘဆရာ ဆုံးမရာ ပြန်ပနာပြေကြ ဂုကာလ။
သားနှင့်အဖ ဒုတ်ဓားပြ သားကနိုင်ရ ဂုကာလ။
သားကိုကြောက်ရ မိနှင့်ဖ တိမ်းရှေင်နိန်ရ ဂုကာလ။
ဘုရားပွဲတော် ရန်တိပေါ် ဟစ်အော်နိန်ကြ ဂုကာလ။
သင်္ကြန်ပွဲတွင် ရန်ပွဲဆင် ရှက်ဟန်မပြ ဂုကာလ။
နိန့်မြတ်နိန့်ထူး အရက်မူး အရူးထကြ ဂုကာလ။
အရက်ကိုသောက် လူစိတ်ပျောက် အော်ငေါက်နိန်ကြ ဂုကာလ။
အပျော်အပါး လွန်လိုက်စား လမ်းမှားနိန်ကြ ဂုကာလ။

အရက်နန့်ရာ ပွဲတိုင်းမှာ ဧည့်ခံနိန်ကြ ဂုကာလ။
သုံးစွဲရေးမှာ စည်းဗလာ လွန်စွာမဲ့ကြ ဂုကာလ။
ဖေသာမဟိလျင် ဆွီမျိုးပင် မတော်ချင်ကြ ဂုကာလ။
ဖေသာမဟိလျင် မော်နှမပင် မခေါ်ချင်ကြ ဂုကာလ။
မောင်နန့်နှမ ဒုတ်ဓားပြ အမွီလုကြ ဂုကာလ။
လူငယ်များမှာ ရက်သေစာ သောက်လို့နိန်ကြ ဂုကာလ၊
ဘိုးတော်ဖွားတော် နတ်ကတော် ပူဇော်နိန်ကြ ဂုကာလ။
ယတြာဘုရား လွန်ပေါများ တည်လို့ထားကြ ဂုကာလ။
အရှေ့တိုင်းဟန် ယဉ်ကျေးမှန် မတွိမြင်ရ ဂုကာလ။
တိုင်းတပါးဆို အလိုလို အထင်ကြီးကြ ဂုကာလ။
မတော်ကော်ရော် စကပ်ပေါ် ပေါင်ဖော်ဝတ်ကြ ဂုကာလ။
ဘေးကွဲနောက်ကွဲ စကပ်ကွဲ အမြဲဝတ်ကြ ဂုကာလ။
အရွယ်မရောက် အကျင့်ဖောက် လင်နောက်လိုက်ကြ ဂုကာလ။
ကာမအာရုံ ဖြစ်ထိုက်ပုံရိုက်ကြ ဂုကာလ။
ကာမတဏှာ ဖြစ်စရာ ကြော်ငြာရိုက်ကြ ဂုကာလ။
မော်ဒယ်ဂဲလ်က တင်ရင်ပြ ကြည့်ရှုနိန်ကြ ဂုကာလ။
လိုင်းကားစီးရာ မိန်းမပါ မဆင်ခြင် (စာနာမဲ့)ကြ ဂုကာလ။
အရက်ကိုပင် ရဲဆီးထင် အမှားမြင်ကြ ဂုကာလ။
အရက်သောက်ကေပင် ဂုဏ်ဟိထင် အမြင်မှားကြ ဂုကာလ။
အရက်ညွန်ထဲ နစ်မြုပ်လဲ အကျိုးနည်းကြ ဂုကာလ။
အရက်ဆိုင်မှာ လူများစွာ နစ်မြုပ်နိန်ကြ ဂုကာလ။
သွားကိုမမြင် ဖေသာကိုမြင် သမက်တော်ချင်ကြ ဂုကာလ။
အမှားကိုပင် အမှန်တွင် ဖေသာပြင်ရ ဂုကာလ။
စီးပွါးရှာရေး တိုးတက်ရေး အလေးမမူကြ ဂုကာလ။
ပျော်ပွဲသဘင် အရက်တွင် နစ်ပင်နစ်ကြ ဂုကာလ။
ကြမ်းတမ်းစကား လူသားများ ပြောကြားနိန်ကြ ဂုကာလ။
အချင်းချင်းဆို ရန်တိပို မလိုမုန်းကြ ဂုကာလ။
အချင်းချင်းဆို လှည့်ပတ်လို စိတ်တိုဖြစ်ကြ ဂုကာလ။
တစိချေထိ ရန်တိငြိ ပိုထီချဲ့ကြ ဂုကာလ။
စာနာတရား လွန်ခေါင်းပါး ပျက်ပြားနိန်ကြ ဂုကာလ။
သည်းခံတရား လူသားများ နည်းပါးနိန်ကြ ဂုကာလ။
ကိုယအချင်းချင်း မေတ္တာကင်း ချွတ်ယင်းနိန်ကြ ဂုကာလ။
အထိမခံ ကြွီပုဂံ ပုံဟန်ဖြစ်ကြ ဂုကာလ။
အမျိုးဘာသာ ကိုယ့်ရက်ရွာ ပြန်ကာမကြည့်ကြ ဂုကာလ။
အမျိုးဘာသာ မလေ့လာ ရှောင်ကာနိကြ ဂုကာလ။
မျိုးစောင့်တရား လွန်ခေါင်းပါး ပျက်ပြားနိန်ကြ ဂုကာလ။
အမျိုးသားရေးရာ လက္ခဏာ အလွန်ပင်နည်းကြ ဂုကာလ။
မျိုးချစ်စကား မိန့်ဆိုငြား များမကြိုက်ကြ ဂုကာလ။
အမျိုးဘာသာ မငဲ့ညှာ ထင်ရာလုပ်ကြ ဂုကာလ။
ရပ်ရေးရွာရေး မဆွေးနွှေး ရှောတိန်းနိန်ကြ ဂုကာလ။
မာနတရား ရှေ့မှာထား ရီးသားနိန်ကြ ဂုကာလ။
ဒေါသတရား ရှေ့မှာထား ပြောကြားနိန်ကြ ဂုကာလ။
ကိုယ့်ထက်သာလျင် ဣဿာဝင် ငြိုင်နိန်ကြ ဂုကာလ။
ကိုယ့်ဝမ်းတွက်သာ တနပ်စာ ကြံကာနိန်ကြ ဂုကာလ။
ဂတိသစ္စာ မ,တည်ပနာ လိမ်ညာပြောကြ ဂကာလ။
ရပ်ရွာငဲ့ပနာ သူပြန်လာ ထင်ရာပြောကြ ဂုကာလ။
ဘွဲ့ချေတခုရ ဆောင့်ကြွကြွ မာနတက်ကြ ဂုကာလ။
ရာထူးချေရ ဆောင့်ကြွကြွ မာနတက်ကြ ဂုကာလ။
စီးပွါးတက်လျင် မာန၀င် ဘ၀င်မြင့်ကြ ဂုကာလ။
ငယ်ကျိုးငယ်နာ သူ့ကြောင်းရှာ ဖော်ပနာလွှင့်ကြ ဂုကာလ။
အဘိုးဖက်လှည့် လွန်ကဲ့ရဲ့ ပြောချဲ့နိန်ကြ ဂုကာလ။
သမုင်းဆရာ အယ်ဒီတာ ထင်ရာရီးကြ ဂုကာလ။
မာနတရား ရှေ့မှာထား ရီးသားနိန်ကြ ဂုကာလ။
ငါနှင့်ငါရာ နှိုင်းစရာ ထင်ပနာမှတ်ကြ ဂုကာလ။
သူမှန်ကိုယ်မှန် အငြင်းသန် ခိုင်ရန်ဖြစ်ကြ ဂုကာလ။
သမိုင်းသိယောင် များကုလောင် ဟန်ဆောင်ရီးကြ ဂုကာလ။
ညီညွတ်ရေးမှာ နတ္ထိရာ ဖြစ်ပနာနိန်ကြ ဂုကာလ။
ပြည်ကြီးရခိုင် ငရို့မဏ္ဍိုင် ညှိုးမှိုင်းနိန်ရ ဂုကာလ။
ပြည်တွင်းဘာသာ သာသနာ ပြန်ပနာမကြည့်ကြ ဂုကာလ။
ဘုန်းကြီးများစွာ ကိုယ့်ပြည်ရွာ ပစ်ပနာထားကြ ဂုကာလ။
ရပ်ကျိုးရွာကျိုး မသယ်ပိုး ကိုယ်ကျိုးကြံကြ ဂုကာလ။
ဒကာနှုတ်မှာ သာသနာ တည်ပနာနိန်ကြ ဂုကာလ။
ဆရာဒကါ မတည့်ပါ ရန်ရှာနိန်ကြ ဂုကာလ။
ညီညွတ်ဖို့ရေး ပြောဆိုတွေး ရန်ရေးပြောကြ ဂုကာလ။
ညီညွတ်ဖို့ရန် စိတ်အကြံ တွေးဟန်မပြ ဂုကာလ။
တိုင်းတစ်ပါးရောက် စိတ်တိဖောက် တခေါက်မကြွ ဂုကာလ။
အုပ်စုဖွဲ့ရေး ဂိုဏ်းချဲ့ရေး အရေးပီးကြ ဂုကာလ။
သူနိုင်ကိုယ်နိုင် ဘုန်းတိပြိုင် အပြိုင်လုကြ ဂုကာာလ။
တရားဟောခိုက် စိတ်မစိုက် အိပ်ငိုက်နိန်ကြ ဂုကာလ။
ငါရို့ပြည်ရွာ သာသနာ လွန်စွာနိမ့်ကျ ဂုကာလ။




ဒေလောက်နန့်အဆုံးသတ်လိုက်ဂတ်မေဖိ ရီးဖို့ဆိုကေ အဂုဖြစ်ပျက်နိန်ရေ ဖြစ်ပျက်ချေတိ ကောင်းကောင်းများပါရေ ရီးလို့မကုန်နိုင်လောက်ယောင်များပါဖို့ ယင်းအတွက်တာကြောင့် ဒေလောက်နန့်ရာ နှစ်သိမ့်ကြည်နပ်ဂတ်လိမ့်မေလို့မျော်လင့်ပါရေ။
ဦးရာဇ်မြီသားသျှေ

No comments:

Post a Comment

ဘာလော့ရောက်လာ များသူငါ ကျန်းမာချမ်းသာ ဟိပါစီ။ ငါ့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကတ်ပါစီ။